Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ် ယုန်တိုးတောင်အနီး တစ်နာရီကျော်ကြာတိုက်ပွဲ စစ်ကောင်စီတပ် ၁၄ဦးထက်မနည်းသေ၊ PDF ရဲဘော်နှစ်ဦးကျဆုံး

စစ်ကောင်စီဘက်က အထိအခိုက်များ၍ စစ်ကူယာဥ်တန်းတက်လာရာ အဆိုပါယာဥ်တန်းကိုပါ မိုင်းဆွဲ၍ ၅ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော​သေနက် ၂ လက်။ ဓါတ်ပုံ- နွားထိုးကြီး PDF)
(စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော​သေနက် ၂ လက်။ ဓါတ်ပုံ- နွားထိုးကြီး PDF)

စစ်ကောင်စီစစ်ကြောင်းက ဒေသခံပြည်သူ ၃၀ ကျော်ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ယုန်တိုးတောင်အနီးတွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားရာ စစ်သား ၁၄ ဦးထက်မနည်း သေဆုံးပြီး လက်နက်နှစ်လက်ရရှိကာ PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း မြင်းခြံရိုင်အမှတ် (၄)တပ်ရင်း Natogyi People Defence Force အဖွဲ့က ပြောသည်။

ယမန်နေ့ (ဧပြီ ၈ ရက်) နံနက်၂ နာရီဝန်းကျင်က မြင်းခြံမြို့နယ်၊ ယုန်တိုးတောင်ဘက်တကြောတွင် စစ်ကြောင်းထိုး၍ပြန်လာသော အင်အား ၃၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသတွင်း PDFအဖွဲ့များ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Natogyi People Defence Force အဖွဲ့က ပြောသည်။

စစ်ကောင်စီဘက်က အထိအခိုက်များ၍ စစ်ကူယာဥ်တန်းတက်လာရာ အဆိုပါယာဥ်တန်းကိုပါ မိုင်းဆွဲ၍ ၅ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးထက်မနည်း သေဆုံးပြီး Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်းမှ ရဲဘော် နှစ်ဦးကျဆုံးခဲ့ရကြောင်း Natogyi People Defence Force အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း စစ်အုပ်စု၏ MA-3 တစ်လက်၊ (၄၀) မမတစ်လက်တို့ သိမ်းဆည်းနိုင်ခဲ့သည်။

“ယုန်တိုးတောင်ရဲ့ တောင်ဘက်အခြေမှာဖြစ်တာ။ စစ်ကူလာတာက မြင်းခြံမြို့က လာတာ။ ယုန်တိုးတောင်ရဲ့အနောက်ဘက်နားမှာ မိုင်းဆွဲခံရပြီးတော့ တစ်ခါထပ်ပြီးတိုက်ပွဲဖြစ်တာ။ တိုက်ပွဲက တစ်နာရီခွဲလောက်ကြာတယ်။ သူတို့အလောင်းတွေကိုတော့ ၁၄ပေ ကန်တာကားနဲ့တင်သွားတယ်။”ဟု Natogyi People Defence Force အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Natogyi People Defence Force မြင်းခြံရိုင်အမှတ်၄တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်၁တပ်ရင်း PDF-MDY၊ နဂါးနီပြောက်ကျားတပ်ဖွဲ့မြင်းခြံ၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထို့အပြင် မြင်းခြံမြို့နယ်အရှေ့ပိုင်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မြင်းခြံမြို့နယ် အရှေ့အခြမ်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေသော စစ်ကောင်စီတ​ပ်သည် အရပ်သားပြည်သူများကို အထုတ်ပိုးသယ် ဓားစာခံဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ်ပါ အသုံးပြုနေခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

ဧပြီလ ၇ ရက်က ညောင်ပင်ရွာရှိ ရွာသား ၁၄ဦးကို ဖမ်းဆီးကာ အသုံးပြုခဲ့ပြီး ယမန်နေ့ (ဧပြီ ၈ရက်)တွင် ထိန်ပန်းရွာသား ၃၀ကျော်ကို ဖမ်းဆီးသွားကြောင်း၊ ထိန်ပန်းရွာသားများကို ယနေ့နံနက်ပိုင်းအထိ လွှတ်ပေးခြင်းမရှိဘဲ အထုတ်သယ်၊ဓားစာခံလူသားဒိုင်းအဖြစ် စစ်ကြောင်း၌ အသုံးပြုနေကြောင်း အထက်ပါကော်မတီက ဆိုသည်။

ပျူခေါင်းဆောင် သီတာယုမွန်နှင့်အဖွဲ့မှာ သင်ပြွန်းရွာလမ်းခွဲ၌ စောင့်ဆိုင်းနေပြီး ခရီးသွားများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

“မြို့ပေါ်မှာလည်း တအားစစ်နေတယ်။ မြို့အဝင်မြို့အထွက်စစ်တာ။ ကိုဗစ်စာရွက်၊ မှတ်ပုံတင်၊ ရပ်ကွက်ထောက်ခံစာ အကုန်စစ်တာ။”ဟု မြို့ခံတစ်ဦးက ပြောသည်။

မြင်းခြံမြို့နယ်သည် တော်လှန်ရေးအင်အားစုအားကောင်းရာဒေသတစ်ခုဖြစ်ပြီး မိုဘိုင်းအင်တာနက်ဖြတ်တောက်ခံထားရမှုနှစ်နှစ်နီးပါးရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။