Connect with us

Hi, what are you looking for?

သတင်း

စစ်ကာင်စီတပ် မင်းတပ်မြို့နယ်ကို ယနေ့ညပိုင်း လေကြောင်းမှ လေးကြိမ် ဗုံးကြဲတိုက်ခိုက်

ယနေ့ ဧပြီ ၁၁ရက် ၈နာရီခန့်တွင် မင်းတပ်မြို့နယ် တိုက်နယ်(၁) ဘက်ရှိ ကျေးရွာတစ်ရွာအနီး တိုက်လေယာဉ်ဖြင့် ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

(စစ်​ကောင်စီတပ်က ​လေ​ကြောင်းတိုက်ခိုက်မှုတွင် အဓိကအသုံးပြု​သော ရုရှားနိုင်ငံထုတ် YAK-130 တိုက်​လေယာဥွ် ၂ စီး ။ ။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီတပ်က ​လေ​ကြောင်းတိုက်ခိုက်မှုတွင် အဓိကအသုံးပြု​သော ရုရှားနိုင်ငံထုတ် YAK-130 တိုက်​လေယာဥွ် ၂ စီး ။ ။ဓါတ်ပုံ-စစ်​ကောင်စီ)

ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က ယနေ့ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။

ယနေ့ ဧပြီ ၁၁ရက် ၈နာရီခန့်တွင် မင်းတပ်မြို့နယ် တိုက်နယ်(၁) ဘက်ရှိ ကျေးရွာတစ်ရွာအနီး တိုက်လေယာဉ်ဖြင့် ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို ဖော်ပြထားခြင်းမရှိပေ။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ် ကို လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ယခုနှစ်အတွင်း မကြာခဏ လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဖေဖော်ဝါရီလအတွင်းက မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်မမမှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ အရပ်သားသေဆုံးထိခိုက်ရှိခဲ့သည်။ မတ်လအတွင်း၌လည်း စစ်ကောင်စီက မင်းတပ်မြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှု ၈ကြိမ် ပြုလုပ်ခဲ့သည်။

ယ​နေ့နံနက် အ​စောပိုင်းတွင် စစ်တပ်က ကန့်ဘဘူမြို့နယ်ပဇီကြီးရွာကို ဂျက်တိုက်​လေယာဥ်၊ Mi-35 ရဟတ်ယာဥ်များနှင့်တိုက်ခိုက်၍ ​ဒေသခံပြည်သူ တစ်ရာဝန်းကျင် ​သေဆုံးဒဏ်ရာရခဲ့သည်။ထိုအပြင် ယ​နေ့ည​နေပိုင်းတွင်လည်း ပဇီကြိးရွာကို ​လေ​ကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့​သေးပြီး ​သေဆုံးဒဏ်ရာရမှုနှင့် ထိခိုက်ပျက်စီးမှုအခြအ​နေကိုမသိရ​သေး​ပေ။

ထို​နောက်ညပိုင်းတွင် မင်းတပ်မြို့နယ်သို့ စစ်တပ်က ​လေ​ကြောင်းမှ သွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook