Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူလေကြောင်းတိုက်ခိုက်မှုအပြီး စစ်တပ်လေယာဉ်ဆီ တင်သွင်းမှု ပိတ်ပင်ရေးကို AI အရှိန်မြှင့်တောင်းဆို

အာဏာသိမ်း စစ်တပ်ရဲ့ စက်ဆုပ်စရာ၊ အော့နှလုံးနာစရာ နည်းလမ်းတွေနဲ့ ဖိနှိပ်မှုကို မြန်မာပြည်သူတွေ ရင်ဆိုင် ခံစားနေရတယ်လို့လည်း AIက ပြောပါတယ်။

(စစ်အုပ်စုက​လေ​ကြောင်းတိုက်ခိုက်မှု​တွေမှာ အဓိက အသုံးပြု​နေတဲ့ ရုရှားထုတ် YAK-130 တိုက်​လေယာဥ်တစ်စီး ။ဓါတ်ပုံ-Ruaviation)
(စစ်အုပ်စုက​လေ​ကြောင်းတိုက်ခိုက်မှု​တွေမှာ အဓိက အသုံးပြု​နေတဲ့ ရုရှားထုတ် YAK-130 တိုက်​လေယာဥ်တစ်စီး ။ဓါတ်ပုံ-Ruaviation)

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုအပြီး မြန်မာစစ်တပ်ဆီ လေယာဉ်ဆီ ရောင်းချမှုတွေ အမြန်ဆုံး ရပ်တန့်နိုင်အောင် ဝိုင်းဝန်း တားဆီးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က ထပ်မံ တောင်းဆိုလိုက်ပါတယ်။

ဧပြီ ၁၁ ရက် စစ်ကိုင်းတိုင်းမှာရှိတဲ့ ကန့်ဘလူမြို့မှာ စစ်ကောင်စီ လေတပ်ရဲ့ ဗုံးကြဲမှုကြောင့် အရေအတွက် အတိအကျ မသိရသေးပေမယ့် အရပ်သား ပြည်သူတွေ အမြောက်အမြား သေဆုံးခဲ့တာကို သိရှိရကြောင်း AIက ဆိုပါတယ်။ ကလေးတွေ၊ အမျိုးသမီးတွေ အပါအဝင် အရပ်သား ပြည်သူတွေကို တရားလက်မဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာ၊ ပြည်သူ့အိုးအိမ်တွေကို ဖျက်ဆီးတာဟာ မြန်မာစစ်တပ်ရဲ့ ဝိသေသ တစ်ခုတောင် ဖြစ်လာနေပြီလို့ AIက ဝေဖန်ထားပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ စက်ဆုပ်စရာ၊ အော့နှလုံးနာစရာ နည်းလမ်းတွေနဲ့ ဖိနှိပ်မှုကို မြန်မာပြည်သူတွေ ရင်ဆိုင် ခံစားနေရတယ်လို့လည်း AIက ပြောပါတယ်။ မြန်မာနိုင်ငံ တဝှမ်းမှာ အရပ်သား ပစ်မှတ်တွေကို အကြိမ်ကြိမ် မရပ်မနား ဗုံးကြဲ တိုက်ခိုက်နေတာကို ကြည့်ရင် မြန်မာနိုင်ငံဆီ လေယာဉ်ဆီ တင်ပို့မှု လမ်းကြောင်းတွေကို ဆိုင်းငံ့စေဖို့ အရေးတကြီး လိုအပ်လာပြီ ဆိုတာကို မြင်သာစေကြောင်းလည်း AIက မှတ်ချက် ပေးခဲ့ပါတယ်။

အာဏာသိမ်းမြန်မာစစ်တပ်ကိုတုံ့ပြန်ဖို့အတွက် အဓိပ္ပါယ်ရှိတဲ့ အရေးယူ တုံ့ပြန်မှုတချို့ ရှိခဲ့ပြီးပြီ ဆိုပေမယ့် နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ပြည်သူတွေ တိုက်ခိုက်ခံနေရတာကို ရပ်တန့်ဖို့ လက်ရှိထက်ပိုလုပ်ဆောင်ရမှာဖြစ်သလိလုပ်ဆောင်နိုင်စွမ်းလည်း ရှိကြောင်း၊ အာဆီယံက မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ် ရက်စက်မှုတွေကို ရပ်တန့်နိုင်ရေးနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ဘုံသဘောတူညီမှု ၅ ရပ်ကို ပြဋ္ဌာန်းခဲ့တဲ့ ၂ နှစ်ပြည့် နှစ်ပတ်လည်မတိုင်ခင်မှာတင်ဒီလိုလေကြောင်း တိုက်ခိုက်မှုမျိုး ထပ်မံ ပေါ်ပေါက်လာတာ ဖြစ်ကြောင်း AIက ပြောပါတယ်။

Public Service Announcement

Public Service Announcement

AIဟာ အရင်ကလည်း မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းမှု လမ်းကြောင်းတွေနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်ပြီး ဆက်စပ် ကုမ္ပဏီတွေ စာရင်းကို ထုတ်ပြန်ပေးခဲ့ဖူးပါတယ်။ မြန်မာစစ်တပ်ဟာ မြေပြင်တိုက်ပွဲတွေမှာ ပြောက်ကျားစနစ် အသားပေးတဲ့ ခုခံရေး အင်အားစုတွေကို မယှဉ်သာတော့တဲ့နောက် လေကြောင်း တိုက်ခိုက်မှုတွေကို ပိုမို အသုံးပြုလာပါတယ်။ အဲဒီ နည်းစနစ်အတွက် အရေးအကြီးဆုံး အခြေခံ လိုအပ်ချက် တစ်ခုကတော့ လေယာဉ်ဆီတွေပါပဲ။

ဗြိတိန်၊ အမေရိကန်နဲ့ ဥရောပ သမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေက မြန်မာစစ်တပ်ဆီ လက်လွှဲမယ့် လေယာဉ်ဆီတွေ ပို့ဆောင်တာ၊ သိုလှောင်တာ၊ တင်သွင်းတာ၊ ဖြန့်ဝေတာ အစရှိတဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို အရေးယူ ပိတ်ဆို့မှုတွေလုပ်ထားပေမယ့်လည်း အာဏာသိမ်း စစ်တပ်ဟာ လေကြောင်း တိုက်ခိုက်မှုတွေကိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေနိုင်ဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။