Connect with us

Hi, what are you looking for?

သတင်း

အရပ်သားသုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည့် ပန်းပါရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဓာတ်ပုံမှတ်တမ်း CDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာအဖွဲ့များက အရေးယူအပြစ်ပေးမှုများ ပြုလုပ်ရန်လည်း တောင်းဆိုထားသည်။

(ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီမှ မင်းတပ်မြို့နယ်၊တိုက်နယ် (၁)ပန်းပါ ကျေးရွာအတွင်းလေကြောင်းတိုက်ခိုက်သည့် မှတ်တမ်းများ။ဓာတ်ပုံ - CDF-Mindat - သတင်းပြန်ကြားရေး နှင့်မှတ်တမ်းဌာန)
(ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီမှ မင်းတပ်မြို့နယ်၊တိုက်နယ် (၁)ပန်းပါ ကျေးရွာအတွင်းလေကြောင်းတိုက်ခိုက်သည့် မှတ်တမ်းများ။ဓာတ်ပုံ - CDF-Mindat - သတင်းပြန်ကြားရေး နှင့်မှတ်တမ်းဌာန)

ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအသက် ဆုံးရှုံးခဲ့ရသည့် ချင်းပြည်နယ် မင်းတပ်မြို့နယ် ပန်းပါရွာလေကြောင်း တိုက်ခိုက်ခံရမှု ဓာတ်ပုံမှတ်တမ်းကို မင်းတပ် ချင်းကာကွယ်ရေးတပ် (CDF)က ယနေ့ ညပိုင်း၌ ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ (ဧပြီ ၁၆ ရက်) ညနေပိုင်းက ပန်းပါရွာကို တိုက်လေယာဉ်ဖြင့် ၆ကြိမ်၊ ဗုံး ၁၇လုံး ကြဲချတိုက်ခိုက်ခဲ့၍ အသက် (၄)နှစ် အရွယ်ကလေးငယ်တစ်ဦး၊ အသက်(၇၀)အရွယ် အဘွားအိုတစ်ဦးနှင့် အသက် (၁၇)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတို့သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၆ ဦးထက်မနည်းရှိခဲ့သည်။

“ရွာထဲမှာ ဗုံးတွေ ပြစ်ချတာကွာ ဒီမှာ စကစတွေက” ဟု ဒေသခံ၏ ပြောကြားချက်ကို မင်းတပ် CDFက ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်း၌ ကြားရပြီး လူသေဆုံးမှုနှင့် နေအိမ်ပျက်စီးမှုများကို တွေ့ရသည်။

ယနေ့ညပိုင်း၌ ထပ်မံထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းတွင် တိုက်လေယာဉ်မှ ဗုံးကြဲ ပစ်ခတ်ခဲ့မှုကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ ပန်းပါရွာ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ရပ်အပေါ် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် CNF/CAN က ကြေညာချက် ထုတ်ပြန်ခဲ့ရာ ယင်းတိုက်ခိုက်မှုသည် စစ်ကောင်စီ၏ ချင်းလူမျိုးများအပေါ် အစုလိုက် အပုံလိုက် သတ်ဖြတ်ခြင်းဖြစ်၍ အပြင်းအထန် ရှုတ်ချကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာအဖွဲ့များက အရေးယူအပြစ်ပေးမှုများ ပြုလုပ်ရန်လည်း တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။