Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့ပေါ် အခွန်ကောက်ခြင်းမပြုရန် ဟားခါး ပြည်သူ့အုပ်ချုပ်ရေးကောင်စီ ကြေညာ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်ကောင်စီတပ်သည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး မတရား အာဏာသိမ်းခဲ့သည့်အတွက် ပြည်သူများ စား၊ ဝတ်၊ နေရေး အပြင် ဒုက္ခမျိုးစုံခံစားနေရ၍ ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

(ဟားခါးမြို့အား အပေါ်စီးတစ်နေရာမှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဟားခါးမြို့အား အပေါ်စီးတစ်နေရာမှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

တော်လှန်ရေးကာလအတွင်း ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် အခွန်ကောက်ခြင်း၊ အခွန်ဆောင်ခြင်းနှင့် ကုန်စျေးနှုန်းများ အဆမတန်တိုးမြှင့်ခြင်းများ မပြုလုပ်ရန် အသိပေး ကြေညာလိုက်ကြောင်း ဟားခါးပြည်သူ့အုပ်ချုပ်ရေးကောင်စီက ယမန်နေ့တွင် အသိပေးထုတ်ပြန်သည်။

အသိပေးချက်အား မလိုက်နာပါက ဥပဒေအတိုင်း အရေးယူမည်ဟုလည်း ဖော်ပြထားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်ကောင်စီတပ်သည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး မတရား အာဏာသိမ်းခဲ့သည့်အတွက် ပြည်သူများ စား၊ ဝတ်၊ နေရေး အပြင် ဒုက္ခမျိုးစုံခံစားနေရ၍ ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

ဟားခါးမြို့၌ စစ်ကောင်စီက လျှပ်စစ်မီတာခ ကောက်ခံရန် စီစဉ်မှုကိုလည်း ဟားခါးပြည်သူ့အုပ်ချုပ်ရေးကောင်စီက တားမြစ်ထားပြီး မီတာခ လုံး၀ ပေးသွင်းခြင်းမပြုရန်၊ စစ်ကောင်စီ ဝန်ကြီးချုပ် အပါအဝင် ဌာနဆိုင်ရာ နှင့် လျှပ်စစ်ဝန်ထမ်းများက မီတာခ ကောက်ခံခြင်း၊ ပြည်သူလူထုထံလာရောက်နှောက်ယှက်ခြင်း ပြုလုပမှုများ တွေ့ရပါက လိုအပ်သလို အရေးယူသွားမည်ဟု မတ်လ ၂၇ ရက်က ကြေညာထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီဦးစီးကျင်းပတဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ပွဲပျက်သွားပြီး အခမ်းအနားတက်ရောက်နေတဲ့ စစ်ကောင်စီရဲ့ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်လည်း ထွက်ပြေးတိမ်းရှောင်ကာ ချက်ချင်းပြန်လှည့်သွားတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။

သတင်း

ဟားခါး − ဖလမ်းမြို့နယ်ကြားရှိ ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဟားခါး-ထန်တလန်မြို့နယ်ကြား၌ စစ်ကောင်စီတပ်စွဲထားသည့်နေရာများတွင်လည်း တိုက်ပွဲများ ဆက်ရှိနေသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

သတင်း

▪︎စစ်သုံ့ပမ်း ၆ဦး၊ လက်နက်ချ အလင်းဝင်သူ ၁၇ ဦးရှိပြီး လက်နက် ၅၂လက်ရ ဟု အသိပေး ဟန်နွေ/People’s Spring ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha) က ပြီးခဲ့သည့် လေးလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ဦး သေဆုံးအောင် ရှင်းလင်းနိုင်ခဲ့ကြောင်း CDFဟားခါးက နိုဝင်ဘာ ၁၂ရက်ညတွင်...