Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့နှင့်အနီးတိုက်ပွဲဆက်ဖြစ်၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ဧပြီ ၁၃ရက်က ဟားခါးသို့ စစ်ကောင်စီတပ်ယာဉ်တန်းအားလုံးကို ချင်းပူးပေါင်းတပ်က ချွန်ကျုံးရွာအနီး၌ တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် ဧပြီ ၁၄ရက်နှင့် ၁၅ရက်တွင် ဟားခါးမြို့နှင့် ချွန်ကျုံးရွာကြား၌ မြေပြင်တိုက်ပွဲများ ဆက်ဖြစ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ဧပြီ ၁၅ရက်တွင် ဟားခါးမြို့အနီးရှိ နှီယာလောန်ထာရ်ရွာ ရွာလုံးကျွတ် နီးပါးမီးရှို့ ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - The Chin Journal
စစ်ကောင်စီတပ်သည် ဧပြီ ၁၅ရက်တွင် ဟားခါးမြို့အနီးရှိ နှီယာလောန်ထာရ်ရွာ ရွာလုံးကျွတ် နီးပါးမီးရှို့ ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - The Chin Journal

▪️စစ်ကောင်စီတပ်က ပြည်သူလူထုနေအိမ်များ မီးရှို့ဖျက်ဆီး

ချင်းပြည်နယ် ဟားခါးမြို့နှင့် အနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပြီး နှစ်ဖက် ထိခိုက်ကျဆုံးရှိခဲ့သည်ဟု အသိပေးသည်။

ဧပြီ ၁၃ရက်က ဟားခါးသို့ စစ်ကောင်စီတပ်ယာဉ်တန်းအားလုံးကို ချင်းပူးပေါင်းတပ်က ချွန်ကျုံးရွာအနီး၌ တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် ဧပြီ ၁၄ရက်နှင့် ၁၅ရက်တွင် ဟားခါးမြို့နှင့် ချွန်ကျုံးရွာကြား၌ မြေပြင်တိုက်ပွဲများ ဆက်ဖြစ်ခဲ့သည်ဟု ဆိုသည်။

“ဟားခါးမြို့ပေါ် တိုက်ပွဲဆိုတာက စစ်ကူတွေက ဟားခါးနဲ့ချွန်ကျုံးအကြား ဟားခါးမြို့အစပ် အဲဒီမှာ ကျနော်တို့အနေနဲ့ သူတို့ဂိတ်တွေကို သွားပစ်တယ်။ သူတို့လာတဲ့သူတွေကို ချုံခိုပြီးတော့တိုက်တယ်။ အဲဒီမှာ သူတို့က ဟားခါးမြို့သစ်ဘက်က အိမ်တွေမီးရှို့တာတွေသူတို့လုပ်တာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်သည် ဖလမ်းမှ ဟားခါးမြို့သို့ လာရောက်စဉ် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာ ခုနစ်ရွာမှ အိမ်ခြေ ၁၀၀ထက်မနည်း မီးရှို့ဖျက်ဆီးခံရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဧပြီ ၁၄ရက် တိုက်ပွဲတွင် CAN ရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း၊ ဒရုန်းဆရာ ဗိုလ်လိုင်းရှိန်းထက်အောင်နှင့် ဗိုလ်ဆလိုင်းဗန်ဗျက်ထောင်းတို့ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု The Chin Journalက ဖော်ပြသည်။

ယင်းနှင့် ပတ်သက်ပြီး ဆလိုင်းထက်နီက “တချို့ကျတာ ၊ ကျတာတွေရှိတယ်။ ကျနော်တို့မှာCNA က ကျတဲ့ဟာတွေကတော့ သူတို့လက်ချက်နဲ့ မဟုတ်ဘဲနဲ့ ကိုယ့်ဟာကိုယ် ထိမိခိုက်မိလို့ကျသွားတာတွေပေါ့။ ပြီးတော့ သူတို့ဘက်ကလည်း ၄ယောက်၊ ၅ယောက်ကျတာရှိတယ်” ဟု ပြောသည်။

ဧပြီ ၁၄ရက်ပင် ဟားခါးမြို့ ဝန်ကြီးအိမ်ယာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ရဲ တစ်ဦး သေဆုံးခဲ့သည်ဟု The Chin Journalက ဖော်ပြသည်။ စစ်ကောင်စီတပ်သည် ဧပြီ ၁၅ရက်တွင် ဟားခါးမြို့နှင့် သုံးဖာလုံအကွာမှ အိမ်ခြေ ၄၀ခန့်ရှိ နှီယာလောန်ထာရ်ရွာကိုရွာလုံးကျွတ် နီးပါးမီးရှို့ ဖျက်ဆီးခဲ့သည်ဟု လည်းဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။