Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်တွင် အပူဒဏ်ပြင်း၍ စစ်ရှောင်များ မူးမေ့လဲကျ၊ အဘွားအိုတစ်ဦးလည်း အမောဖောက် သေဆုံး

ခင်ဦးနယ်တွင် ကန့်ဘလူနှင့် ရွှေဘိုနယ်ဘက်က စစ်ရှောင်များပါ ရောက်ရှိနေပြီး သောက်သုံးရေနှင့် စားနပ်ရိက္ခါအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသတွင်းလူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူများက ​ပြောသည်။

(ထွက်ပြေး တိမ်းရှောင်နေရသော ခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေး တိမ်းရှောင်နေရသော ခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင်များ အပူဒဏ်ပြင်းစွာ ခံစားနေရပြီး မူးမေ့လဲကျခြင်းများဖြစ်ပေါ်နေကာ အဘွားအိုတစ်ဦးလည်း အမောဖောက်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ခင်ဦးမြို့နယ်တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိရှိနေပြီး စစ်ကောင်စီစစ်ကြောင်းကြောင့်ကျေးရွာ၂၀ခန့်မှ ဒေသခံပြည်သူ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အပူဒဏ်ပြင်း၍ မူးမေ့သူများလည်းရှိနေပြီးအသက် (၈၀)ကျော် အဘွားအိုတစ်ဦးလည်း စစ်ရှောင်ရင်း ရေဓာတ်ပြတ်၍ ချွေးထွက်လွန်ကာ အမောဖောက်သေဆုံးခဲ့ရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“မနေ့ကဆို အင်အား၁၀၀ကျော် စစ်ကြောင်းထိုးလာတာကြောင့် တစ်နေကုန် ပတ်ပြေးနေရတယ်။ ချွေးထွက်လွန်ပြီး မူးမေ့တဲ့သူတွေရှိနေလို့ဆေးကုသမှုတွေ ပေးခဲ့ရတယ်။ ရေကလည်း ပြေးတဲ့နေရာတိုင်းမှာ အလွယ်တကူမရလို့ ရေဆာတဲ့ ဒဏ်ခံခဲ့ရတယ်။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ခင်ဦးနယ်တွင် ကန့်ဘလူနှင့် ရွှေဘိုနယ်ဘက်က စစ်ရှောင်များပါ ရောက်ရှိနေပြီး သောက်သုံးရေနှင့် စားနပ်ရိက္ခါအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသတွင်းလူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူများက ​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မန္တလေးနှင့် စစ်ကိုင်းတိုင်း အစရှိသည့်အထက်ပိုင်းဒေသများတွင် ဧပြီလလယ်ပိုင်းမှစတင်ကာအပူဒဏ်မြင့်မားစွားခံစားနေရပြီး သက်ကြီးရွယ်အိုများ အပူဒဏ်ကြောင့် သေဆုံးမှုများရှိနေသည်။

ယမန်နေ့က မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မြင်းခြံမြို့နှင့် ညောင်ဦးမြို့တို့၌ ၄၅ ဒီဂရီစင်တီဂရိတ်၊ ကလေးဝ၊ ကလေးမြို့၊ တမူးမြို့၊ မင်း ကင်းမြို့၊ မုံရွာမြို့၊ မြင်းမူမြို့၊ မြင်းခြံမြို့၊ ချောက်မြို့နှင့် ပခုက္ကူမြို့တို့တွင် ၄၄ ဒီဂရီစင် တီဂရိတ်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အပူဒဏ်၏ လက္ခဏာများမှာ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက် တက်ခြင်း၊ ပင်ပန်းနုံးချည့်ခြင်း စသည်တို့ဖြစ် ပေါ်တတ်ကြောင်း၊ အပူဒဏ်ကြောင့် သတိ လစ်သည့်လူနာကို ရှေးဦးသူနာနည်းဖြင့်ပြုစု ရာတွင် လူနာကိုအရိပ်ရပြီး အေးမြသည့်နေ ရာကိုရွှေ့၍ နေထိုင်ကြရန်လည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။