Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်တွင် အပူဒဏ်ကြောင့် စစ်ရှောင်အဘွားအိုတစ်ဦး ထပ်မံသေဆုံး

မန္တလေး၊ စစ်ကိုင်းတိုင်း အစရှိသည့်အထက်ပိုင်းဒေသများတွင် ဧပြီလလယ်ပိုင်းမှစတင်ကာအပူရှိန်များမြင့်တက်နေပြီး သက်ကြီးရွယ်အိုများ အပူဒဏ်ကြောင့် သေဆုံးမှုများရှိနေသည်။

(ခင်ဦးနယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင် ပြည်သူများအား ယမန်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ခင်ဦးနယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင် ပြည်သူများအား ယမန်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ရှောင်ပြည်သူများလည်း ရေအခက်အခဲကြုံတွေ့နေဟုဆို

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အပူဒဏ်ပြင်း၍ စစ်ရှောင်အဘွားအိုတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူများမှာ ရေအခက်အခဲကြုံတွေ့နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဧပြီလ ၂၂ ရက်)က ခင်ဦးမြို့နယ်၊ ကျေးရွာတစ်ရွာသို့ ရောက်ရှိနေသော အသက်(၈၀) ကျော်အရွယ် အဘွားအိုတစ်ဦးသည် အပူဒဏ်ကြောင့် အမောဖောက်ကာ သေဆုံးခဲ့ကြောင်း၊ ပြီးခဲ့သည့် ဧပြီ ၁၉ ရက်ကလည်း အဘွားအိုတစ်ဦး သေဆုံးခဲ့ပြီး ၅ရက်အတွင်း အပူဒဏ်ကြောင့် သက်ကြီးရွယ်အို နှစ်ဦးမြောက် သေဆုံးခဲ့ခြင်း​ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

“သူက တခြားရွာမှာ တိမ်းနေတာ။ စစ်ရှောင်ရင်းနဲ့နေတာပေါ့။ အဲလိုနေရင်းဖြစ်သွားတာ။ ဒီဘက်က နေတအားပူတယ်။ မိုးလည်းမရွာဘူး။ စစ်ရှောင်တွေအတွက်က တအားကြီးဒုက္ခ ရောက်တယ်။”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ရာသီဥတုအပူဒဏ်ကြောင့် နေစရာအခက်အခဲ၊ သောက်သုံးရေအခက်အခဲများ ကြုံတွေ့နေရပြီး ရေအိုင်များလည်း ခမ်းခြောက်သွား၍ တစ်ရွာခြားသို့ ရေသွားခပ်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ခင်ဦးမြို့နယ်တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်ရှိနေသည်။ ထို့အပြင် စစ်ကောင်စီ စစ်ကြောင်းကြောင့် ကျေးရွာ၂၀ခန့်မှ ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။ ထို့အပြင် ကန့်ဘလူနှင့် ရွှေဘိုနယ်ဘက်မှ စစ်ရှောင် ၅၀၀ဝန်းကျင်လည်း ခင်ဦးနယ်သို့ လာရောက်ခိုလှူံနေသည်။

မန္တလေး၊ စစ်ကိုင်းတိုင်း အစရှိသည့်အထက်ပိုင်းဒေသများတွင် ဧပြီလလယ်ပိုင်းမှစတင်ကာအပူရှိန်များမြင့်တက်နေပြီး သက်ကြီးရွယ်အိုများ အပူဒဏ်ကြောင့် သေဆုံးမှုများရှိနေသည်။

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက် တက်ခြင်း၊ ပင်ပန်းနုံးချည့်ခြင်း စသည်တို့ဖြစ် ပေါ်တတ်ကြောင်း၊ အပူဒဏ်ကြောင့် သတိ လစ်သည့်လူနာကို ရှေးဦးသူနာနည်းဖြင့်ပြုစု ရာတွင် လူနာကိုအရိပ်ရပြီး အေးမြသည့်နေ ရာကိုရွှေ့၍ နေထိုင်ကြရန်လည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။