Connect with us

Hi, what are you looking for?

News

ရွှေ​စျေး ၁၉သိန်းကျပ်နှင့် တစ်​ဒေါ်လာ ၂,၀၇၀ကျပ်အထိ ​ရောက်နေ

နိုင်ငံအတွင်းစစ်ရေးတင်းမာလာမူနှင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းလာပြီး ဈေးကွက်အတွင်း ဒေါ်လာနှင့်ရွှေ လိုအပ်ချက်မြင့်တက်လာခြင်းကြောင့် ဈေးမြင့်တက်လာခြင်းဖြစ်သည် ငွေလဲကောင်တာများနှင့် ရွှေဆိုင်ပိုင်ရှင်များကပြောသည်။

ပြည်တွင်းရွှေတစ်ကျပ်သားကို ၁၉ သိန်းကျပ်နှင့် တစ်ဒေါ်လာကို ၂,၀၇၀ကျပ် အထိပြန်လည်မြင့်တက်လာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှာ သိရသည်။

နိုင်ငံအတွင်းစစ်ရေးတင်းမာလာမူနှင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းလာပြီး ဈေးကွက်အတွင်း ဒေါ်လာနှင့်ရွှေ လိုအပ်ချက်မြင့်တက်လာခြင်းကြောင့် ဈေးမြင့်တက်လာခြင်းဖြစ်သည် ငွေလဲကောင်တာများနှင့် ရွှေဆိုင်ပိုင်ရှင်များကပြောသည်။

စက်တင်ဘာလဆန်းမှ စတင်ပြီး ဒေါ်လာဈေး တရိတ်ရိတ်မြင့်တက်လာပြီး တစ်ဒေါ်ကို ၂,၁၀၀ ကျပ်အထိ စက်တင်တင်ဘာ ၁၃ ရက်တွင် ပေါက်ဈေးရှိခဲ့သည်။အခေါက်တစ်ကျပ်သားကို ၁၉၁၀၀၀၀ကျပ်ပေါက်ဈေးရှိခဲ့သည်။

“စစ်တပ်ကို ဘယ်သူမှ မယုံတော့ဘူး။ဘယ်သူမှလဲလုပ်ငန်းဆက်မလုပ်တော့ဘဲ ဒေါ်လာနဲ့ရွှေကိုပဲ ပြန်ဝယ်ပြီးစုနေတဲ့ အနေအထားပဲ”ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်ကြီးမားလာ၍ ငွေလဲကောင်တာများတွင် ရောင်းဈေးနှင့် ဝယ်ဈေးကို ကျပ် ၂၀ခန့်သာခွာ၍ ဒေါ်လာများဝယ်ယူနေရသည်ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ဒေါ်လာဈေးပြန်ကျရန် စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာများထုတ်ရောင်းနေသော်လည်း ပြင်ပပေါက်ဈေးတွင် ဒေါ်လာဈေးမှာ နေ့စဉ်မြင့်တက်လျက်ရှိသည်။

စစ်တက်အာဏာမသိမ်းခင်က အခေါက်ရွှေတစ်ကျပ်သား ၁၃၂၀၀၀၀ကျပ်နှင့် အမေရိကန်တစ်ဒေါ်လာကို ၁၃၃၇ ကျပ်ပေါက်ဈေးရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။