Connect with us

Hi, what are you looking for?

သတင်း

မယ်ခါးထာတပ်စခန်းပြန်ရရေး စစ်ကောင်စီတပ်အပြင်းအထန်ကြိုးပမ်းနေ

မယ်ခါးထာတပ်စခန်းပြန်ရရေးအတွက် လေကြောင်းပစ်ကူအသုံးပြုပြီးတိုက်ခိုက်နေသလို မြေပြင်မှတစ်ဆင့် အင်အားအများအပြားဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း KNLA တပ်မဟာ(၅)တပ်ဖွဲ့၏ ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်း တပ်မဟာ(၅)သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

မယ်ခါးထာတပ်စခန်းပြန်ရရေး စစ်ကောင်စီတပ်အပြင်းအထန်ကြိုးပမ်းနေ
မယ်ခါးထာတပ်စခန်းပြန်ရရေး စစ်ကောင်စီတပ်အပြင်းအထန်ကြိုးပမ်းနေ

KNLA တပ်မဟာ(၅)က သိမ်းပိုက်ထားသည့် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်အနီးရှိ မယ်ခါးထာတပ်စခန်းကို ပြန်လည်ရယူရန် စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ကေအဲန်ယူ-တပ်မဟာ(၅) သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် မတ်လ(၂၈)ရက်တွင် ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်အတွက် အရေးပါသည့် မယ်ခါးထာတပ်စခန်းကို KNLA တပ်မဟာ(၅)ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းခဲ့သည်။ အဆိုပါမယ်ခါးထာတပ်စခန်းကို ပြန်လည်သိမ်းပိုက်ရရှိနိုင်ရေး ဧပြီလပိုင်းတွင် စစ်ကောင်စီတပ်က မြေပြင်နှင့် ဝေဟင်ကနေပါ အပြင်းအထန် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

မယ်ခါးထာတပ်စခန်းပြန်ရရေးအတွက် လေကြောင်းပစ်ကူအသုံးပြုပြီးတိုက်ခိုက်နေသလို မြေပြင်မှတစ်ဆင့် အင်အားအများအပြားဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း KNLA တပ်မဟာ(၅)တပ်ဖွဲ့၏ ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်း တပ်မဟာ(၅)သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

Public Service Announcement
Public Service Announcement

“စစ်ကောင်စီစစ်ကြောင်း အင်အား(၁၅၀)ခန့် စခန်းကုန်းဟောင်းပေါ်တက်မလို့ မိုင်းထိ၊ ဒရုန်းနဲ့ ဗုံးကြဲခံရ၊ RPG 7(လက်နက်ကြီး)နဲ့ အထုခံရ၊ ရက်များလာတော့ ရိက္ခာလည်းပြတ် လူနာကိုလည်း ဆေးမကုပဲ ပစ်ထားတယ်” ဟု တပ်မဟာ(၅)သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မယ်ခါးထာ စခန်းကို ယာယီပြန်လည်ရရှိခဲ့သော်လည်း တိုက်ပွဲအတွင်း အထိအခိုက်အကျအဆုံးများသောကြောင့် ပြန်လည်ဆုတ်ခွာသွားရကြောင်း ၊ ထိခိုက်သေဆုံးမှုအရေအတွက်ကို မသိရသေးသော်လည်း စခန်းကို ပြန်ရရန် စစ်ကောင်စီအတွက် ခက်ခဲနိုင်ကြောင်း တပ်မဟာ(၅)ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒို၏ ပြောဆိုချက်ကို ကရင်သတင်းစဉ်ဌာန(KIC)တွင် ရေးသားဖော်ပြထားသည်။

စစ်ကောင်စီ၏ မယ်ခါးထာတပ်စခန်းကို ပြီးခဲ့သည့် မတ်လ(၂၈)ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ပြီး နာရီဝက်ကျော်အကြာ စခန်းကို သိမ်းပိုက်ရရှိနိုင်ခဲ့ကာ စစ်ကောင်စီဘက်မှ (၁၆)ဦး သေဆုံးနှင့် (၇)ဦး ဒဏ်ရာရရှိခဲ့သလို လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။