Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ပြန်ဆုတ်သွားခြင်းနှင့်ကုန်ဈေးနှုန်းကျ​စေရန်မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်း နှင့် ထုံခါ-မောတောင်လမ်းပိုင်းကို PDF ကသွားလာခွင့်ပြန်ခွင့်ပြု

မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပေါ်ရှိ ထုံခါ-မောတောင်လမ်းပိုင်း ချောင်းနှစ်ပေါက်ကျေးရွာအနီးတွင် မတ်လ ၂၉ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ယင်းလမ်းပိုင်းများကို မတ် ၃၁ ရက်မှစ၍ယာယီသွားလာခွင့်တားမြစ်ခဲ့သည်။

(မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းတွင် လုံခြုံ​ရေး​ဆောင်ရွက်​နေ​သော PDF များ (ပုံအ​ဟောင်းဖြစ်ပါသည်)။ ဓါတ်ပုံ-တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
(မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းတွင် လုံခြုံ​ရေး​ဆောင်ရွက်​နေ​သော PDF များ (ပုံအ​ဟောင်းဖြစ်ပါသည်)။ ဓါတ်ပုံ-တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

စစ်ကောင်စီတပ်စစ်ကြောင်းများပြန်ဆုတ်သွားခြင်းနှင့်လုံခြုံရေးအရလမ်းပိတ်ထားစဉ်ကုန်စျေးနှုန်းကြီးမြင့်သည့်ပြဿနာကိုပြည်သူများကြုံနေရသောကြောင့်မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပေါ်ရှိ ပြည်ထောင်စုလမ်းမကြီးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း ထုံခါ-မောတောင်လမ်းကို သွားလာခွင့်ပြန်လည်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းတနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက​ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း စစ်ရေးတင်းမာမှုကြောင့် ယာယီသွားလာခွင့်တားမြစ်ထားသော အထက်ပါ လမ်းပိုင်းနှစ်ခုကို ဧပြီ ၂၉ ရက်မှစပြီးသွားလာခွင့်ပြန်လည်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

“အချက်နှစ်ချက်ကြောင့်ပါ။ စစ်ကြောင်းထိုးနေတာတွေပြန်ဆုတ်သွားတာရယ်၊ ကုန်စျေးနှုန်းကြီးမြင့်မှုကိုပြည်သူတွေကြုံနေရတာရယ်။ အဲ့ဒီနှစ်ချက်ကြောင့်ကျွန်တော်တို့ပြန်ဖွင့်ပေးလိုက်တာပါ”ဟုတနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက People’s Spring ကို ပြောသည်။

တော်လှန်ရေးအင်အားစုများအားလုံးညှိနှိုင်းပြီးမှ သွားလာခွင့် ပြုခြင်းဖြစ်သည်ဟုဆိုသည်။ သို့သော် ယင်းလမ်းပိုင်းအသုံးပြုမည့် ခရီးသွားပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်လေးချက်ကို ထုတ်ပြန်ထားပြီး အတိအကျလိုက်နာရန်လည်း တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယင်းအချက်များမှာ နံနက် (၅) နာရီမှ ည(၇) နာရီအတွင်းသာ သွားလာကြရန်၊စစ်ကောင်စီ၏ ယာဉ်တန်းများ၊ စစ်တပ်တပ်ရင်းတပ်ဖွဲ့နှင့် ဂိတ်စခန်းများအနီး အနီးကပ်သွားလာခြင်းမပြုရန်၊စစ်​ကောင်စီတပ်၏ တပ်သား၊ လက်နက်ခဲယမ်းနှင့် ၎င်းတို့နှင့်ပတ်သက်သည့် ကုန်ပစ္စည်းများ လုံးဝ(လုံးဝ)တင်ဆောင်ခြင်း မပြုရန်နှင့် လုံခြုံရေးလိုအပ်ချက်အရ တော်လှန်ရေးအင်အားစုများ၏ စစ်ဆေးခြင်းကို ကြည်ဖြူစွာ လက်ခံဆောင်ရွက်ပေးရန် အတွက် တနင်္သာရီတိုင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့ က​မေတ္တာရပ်ခံထားသည်။

မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပေါ်ရှိ ထုံခါ-မောတောင်လမ်းပိုင်း ချောင်းနှစ်ပေါက်ကျေးရွာအနီးတွင် မတ်လ ၂၉ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ယင်းလမ်းပိုင်းများကို မတ် ၃၁ ရက်မှစ၍ယာယီသွားလာခွင့်တားမြစ်ခဲ့သည်။

ထို့နောက် ဧပြီလဆန်းပိုင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပြီး ယခုဧပြီနောက်ဆုံးပတ်တွင်လည်း ထိတွေ့တိုက်ပွဲများဆက်ရှိခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေများကို အတိအကျ မသိရသေးပေ။

လတ်တလောအခြေအနေတွင်ထုံခါ-မောတောင်လမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားနိုင်ပြီဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ဆိုသည်။ မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီးပေါ်ကိုမူ အလုံးစုံမထိန်းချုပ်နိုင်သေးသော်လည်း ယင်းလမ်းပိုင်းတွင် စစ်ကောင်စီလှုပ်ရှားမှုမရနိုင်အောင်တားဆီးတိုက်ခိုက်သွားမည်ဟု ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။