Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်နေ၍ ရွာပေါင်း ၂၀နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

ယနေ့ (မေလ ၁ ရက်)တွင် လယ်ကြီးရွာနှင့် ရွာမကြား၌ စစ်ကောင်စီတပ်နှင့်​ဒေသတွင်းကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ​ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

(တစ်အိမ်တည်းရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(တစ်အိမ်တည်းရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

ဒေသခံပြည်သူ ခုနှစ်ဦးအား သတ်ဖြတ်သွားဟုဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်နေ၍ ကျေးရွာပေါင်း ၂၀နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့အား တန်ပြန်တိုက်ခိုက်နေကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့ (ဧပြီ ၃၀ ရက်) နံနက်ပိုင်းမှစ​၍ စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ် လယ်ကြီးရွာ၊ သုံးလင့်ရွာနှင့် တစ်အိမ်တည်းရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့၍ အနီးပတ်ဝန်းကျင်ရှိကျေးရွာပေါင်း၂၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရခြင်းဟု ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“နယ်မြေခံတွေပြောကြားချက်အရ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူ ခုနစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့သတင်းရရှိပါတယ်။”ဟု တိုက်နယ်စွန် PDF အဖွဲ့တာဝန်ခံက ပြောသည်။

ထို့အပြင် ပြည်သူ နှစ်ဦး၏ ရုပ်အလောင်းအား လက်တလောတွေ့ရှိထားပြီး တစ်ဦးမှာ ဒေသကာကွယ်ရေးရဲဘော်တစ်ဦးပါဝင်ကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ (မေလ ၁ ရက်)တွင် လယ်ကြီးရွာနှင့် ရွာမကြား၌ စစ်ကောင်စီတပ်နှင့်​ဒေသတွင်းကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ​ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်က တစ်အိမ်တည်းကျေးရွာသို့ ဝင်ရောက်ပြီး စက်လက်နှင့် ပစ်ခတ်ပြီးနောက် မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းနောက်ပြန်လှည့်လာစေရန် နံနက် ၈နာရီခွဲခန့်တွင် မဟာမိတ်အဖွဲ့က ညောင်ပင်ဝန်းရဲစခန်းကို လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း တိုက်နယ်စွန် PDFအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။