Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်နေ၍ ရွာပေါင်း ၂၀နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

ယနေ့ (မေလ ၁ ရက်)တွင် လယ်ကြီးရွာနှင့် ရွာမကြား၌ စစ်ကောင်စီတပ်နှင့်​ဒေသတွင်းကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ​ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

(တစ်အိမ်တည်းရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(တစ်အိမ်တည်းရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

ဒေသခံပြည်သူ ခုနှစ်ဦးအား သတ်ဖြတ်သွားဟုဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်နေ၍ ကျေးရွာပေါင်း ၂၀နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့အား တန်ပြန်တိုက်ခိုက်နေကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့ (ဧပြီ ၃၀ ရက်) နံနက်ပိုင်းမှစ​၍ စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ် လယ်ကြီးရွာ၊ သုံးလင့်ရွာနှင့် တစ်အိမ်တည်းရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့၍ အနီးပတ်ဝန်းကျင်ရှိကျေးရွာပေါင်း၂၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရခြင်းဟု ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“နယ်မြေခံတွေပြောကြားချက်အရ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူ ခုနစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့သတင်းရရှိပါတယ်။”ဟု တိုက်နယ်စွန် PDF အဖွဲ့တာဝန်ခံက ပြောသည်။

ထို့အပြင် ပြည်သူ နှစ်ဦး၏ ရုပ်အလောင်းအား လက်တလောတွေ့ရှိထားပြီး တစ်ဦးမှာ ဒေသကာကွယ်ရေးရဲဘော်တစ်ဦးပါဝင်ကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ (မေလ ၁ ရက်)တွင် လယ်ကြီးရွာနှင့် ရွာမကြား၌ စစ်ကောင်စီတပ်နှင့်​ဒေသတွင်းကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ​ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်က တစ်အိမ်တည်းကျေးရွာသို့ ဝင်ရောက်ပြီး စက်လက်နှင့် ပစ်ခတ်ပြီးနောက် မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းနောက်ပြန်လှည့်လာစေရန် နံနက် ၈နာရီခွဲခန့်တွင် မဟာမိတ်အဖွဲ့က ညောင်ပင်ဝန်းရဲစခန်းကို လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း တိုက်နယ်စွန် PDFအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်က ဒုဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် ကျေးရွာတွေကို ၁၀ ရက်ဆက် စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဖမ်းဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မသိမ်းယူတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်ပြီး ဒေသခံ ပြည်သူတွေ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ် သတိပြုကြဖို့ တော်လှန်ရေး အင်အားစုတွေ သတိပေး