Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းမြို့နယ်မှအမြှောက်တပ်ရင်းဂိတ်နှင့် သံချပ် ကာကားဂိုထောင်အား ​ပြောက်ကျားအဖွဲ့ကဒရုန်းဖြင့်တိုက်ခိုက်

ယမန်နေ့ (ဧပြီ ၂၉ ရက်) ညနေ ၃နာရီခန့်က စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ (၆၀၀၅) အမြှောက်တပ်ရင်းအဝင် စစ်ဆေးရေးဂိတ်နှင့် သံချပ်ကာကားများထားသော ဂိုထောင်များကို တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

(ဒေသကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်နေစဉ်)
(ဒေသကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်နေစဉ်)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ အမြှောက်တပ်ရင်းဂိတ်နှင့် သံချပ်ကာကားဂိုထောင်များကို ဒရုန်းငါးစီးဖြင့် ဗုံးသီး ငါးလုံးချတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (ဧပြီ ၂၉ ရက်) ညနေ ၃နာရီခန့်က စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ (၆၀၀၅) အမြှောက်တပ်ရင်းအဝင် စစ်ဆေးရေးဂိတ်နှင့် သံချပ်ကာကားများထားသော ဂိုထောင်များကို တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

“စစ်ဆေးရေးဂိတ်နဲ့ သံချပ်ကာကားဂိုထောင်တွေကို တချိန်တည်းတိုက်ခိုက်ခဲ့တာပါ။”ဟု၎င်းက ဆိုသည်။

ထို့အပြင် ညနေ ၆ နာရီခန့်နှင့် ည ၈ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီတပ်အထိုင်ချရာ စစ်ကိုင်းမြို့နယ်၊ မာလဲတော ပျူစောထီးရွာအား ဒရုန်း လေးစီးဖြင့် ဗုံးသီး(၁၀)လုံးချ တိုက်ခိုက်ခဲ့ကြောင်း အထက်ပါအဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ပစ်မှတ်များအား တိုက်ရိုက်ထိမှန်သောကြောင့် စစ်​ကောင်စီတပ်များထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု၎င်းကဆက်​ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား အညာညီနောင်တပ်ပေါင်းစု (ABCF)၊ Phoenix (SGG)၊ Myinmu Revolution Force (MMRF)၊ Unicorn Guerrilla၊ Young Wolf၊ Fight For Federal Thunder Bird၊ အညာသားလေး (SGG)MRTF၊ စစ်ကိုင်းမြို့နယ် ပကဖ၊ စစ်ကိုင်းခရိုင် တပ်ရင်း(၆) တပ်ခွဲ(၁)၊ စစ်ကိုင်းခရိုင် တပ်ရင်း(၇) တပ်ခွဲ(၁)၊တပ်ခွဲ(၄)၊ စစ်ကိုင်းခရိုင်ထုတ်လုပ်ရေး(၂)နှင့် နယ်မြေခံ ပကဖများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ဧပြီ ၂၁ ရက်မှ ၂၄ရက်အထိ ၅ ရက်အတွင်း ကျေးရွာ ၆ ရွာက ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများအပါအဝင် နေအိမ် ၄၅၀ ကျော် မီးရှို့ဖျက်ဆီးပြီး အမျိုးသားတစ်ဦးအား ညှင်းပန်းနှိပ်စက်သတ်ဖြတ်သွားကြောင်း ​ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။