Connect with us

Hi, what are you looking for?

သတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့လာရောက်၊ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့်တွေ့ဆုံ

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်တွင် ပုဂံမြို့သို့လာရောက်ကာ စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံခဲ့သော်လည်း အာဏာသိမ်းစစ်ခေါင်း ဆောင်မင်းအောင်လှိုင်ကိုတွေ့ဆုံခြင်းမရှိခဲ့ပေ။

(နိုင်ငံခြားရေးဝန်ကြီး Qin Gangနှင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင် တွေ့ဆုံနေစဥ်။ ဓာတ်ပုံ - mrtv)
(နိုင်ငံခြားရေးဝန်ကြီး Qin Gangနှင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင် တွေ့ဆုံနေစဥ်။ ဓာတ်ပုံ - mrtv)

တရုတ်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးသည် ယနေ့(မေလ ၂ ရက်) ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားရေးဝန်ကြီး Qin Gang သွားရောက်ရသည့် အဓိကအကြောင်းရင်းမှာ ပြီးခဲ့သည့် ၂၀၂၀ ဇန်နဝါရီတွင် တရုတ်သမ္မတရှီကျင်ဖျင်၏ သမိုင်းဝင်မြန်မာပြည်ခရီးစဥ်အတွင်း ရရှိခဲ့သော သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ရန်၊ စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းရေးကဲ့သို့သော နယ်ပယ်များတွင် လက်တွေ့ကျကျပူးပေါင်းလုပ်ဆောင်ရေးတို့ ရည်ရွ​ယ်ကြောင်း တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ထို့အပြင် တည်ငြိမ်မှုထိန်းသိမ်းရန်၊ စီးပွားရေးပြန်လည်ဦးမော့ရန်၊ ပြည်သူလူထုဘဝများတိုးမြှင့်ရန် နှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးမှုရရှိရန်အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို ကူညီပံ့ပိုးရန်ရည်ရွယ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တရုတ်အစိုးရသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလအထိ အာဏာသိမ်းစစ်ကောင်စီနှင့် အကွာအဝေးတစ်ခုမှ ထိတွေ့ဆက်ဆံခဲ့သော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ယခုတစ်ကြိမ်မြန်မာနိုင်ငံခရီးစဥ်က ယခင်ထားရှိခဲ့သော ဆက်ဆံရေးသဘောထားများကို ဖျက်သိမ်းကာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံလာခြင်းဖြစ်သည်ဟု ပြည်တွင်းရှိ နိုင်ငံရေး အကဲခတ်တစ်ဦးက သုံးသပ်သည်။

“တရုတ်က စစ်ကောင်စီကို ဆန့်ကျင်ပြီး NUG ကို မထောက်ခံနိုင်တာက NUG နောက်မှာ အမေရိကန်ရှိနေတယ်ဆိုတဲ့ သဘောထားအောက်မှာ ရပ်တည်ပြီးတော့ ပြောဆိုနေတာဖြစ်ပါတယ်။ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု ကိစ္စကို သူ့အနေနဲ့ အလေးထားပြောတာပါ။ နောက်တစ်ခုက NUG မှာ ကနေ့အထိ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ကြားကာလအခြေခံဥပဒေ မရေးဆွဲနိုင်တဲ့ အနေအထားအောက်မှာ အဲဒီဖဲကို ကိုင်ပြီး စစ်ကောင်စီနဲ့ ဆက်ဆံဖို့ အတွက် လမ်းခင်းပေးနေတာလို့ ယူဆပါတယ်”ဟု အထက်ပါ နိုင်ငံရေးအကဲခတ်က ပြောသည်။

Public Service Announcement

Public Service Announcement

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်တွင် ပုဂံမြို့သို့လာရောက်ကာ စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံခဲ့သော်လည်း အာဏာသိမ်းစစ်ခေါင်း ဆောင်မင်းအောင်လှိုင်ကိုတွေ့ဆုံခြင်းမရှိခဲ့ပေ။

သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် Qin Gang သည် မေလ ၁ ရက်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိိုင်ရာအထူးကိုယ်စားလှယ် Noelen Heyzer နှင့် ဘေဂျင်း၌ လက်ခံတွေ့ဆုံခဲ့ပြီး တရုတ်သည် နီးကပ်သည့် အိမ်နီးချင်းနိုင်ငံအနေဖြင့် အခြားနိုင်ငံများထက် မြန်မာနိုင်ငံ တည်ငြိမ်သည့် ဖွံ့ဖြိုးမှုရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောသည်။ သို့သော် မြန်မာ့အရေးနောက်ခံအကြောင်းရင်းမှာ ရှုပ်ထွေးပြီး ပြဿနာများကို အမြန်ဆုံးဖြေရှင်း၍မရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကုလအထူးကိုယ်စားလှယ်ကို ပြောသည်။

မြန်မာပြည်သူများ၏ ခံစားချက်နှင့် နာကျင်မှုများကို လျစ်လျူရှုမထားဘဲ ဆွေးနွေးပွဲများတွင် ပြည်သူများ၏ ဆန္ဒများကို ဦးစားပေးအလေးထားရန် နိုင်ငံတကာအသိုင်းအဝိုင်းကို NUG ယာယီသမ္မတဒူဝါလရှီးလက ယနေ့ ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေး၌ တိုက်တွန်းခဲဲ့သည်။

တရုတ်သည် မြန်မာပြည်သူများ၏ ဆန္ဒကို မသိ၍ မဟုတ်၊ သိသော်လည်း ၎င်း၏အကျိုးစီးပွားကို အကျိုးပြုနိုင်မည့်၊ လက်ခံနိုင်မည့် အင်အားစုများနှင့် ပူးပေါင်းအလုပ်လုပ်လေ့ရှိကြောင်း နိုင်ငံရေးအကဲခတ်က မှတ်ချက်ပြုသည်။

“ပြည်သူတွေဆိုတာ ပါးစပ်ဖျားမှာပဲ ရှိတာ။ လက်တွေ့မှာ အကျိုးစီးပွါးပဲ ရှိတယ်။ တရုတ်ကတော့ လက်ရှိ အာဏာရနေတဲ့ စကစနဲ့ပူးပေါင်းပြီး သူ့အကျိုးစီးပွါးတွေ ဆက်လက်အကောင်အထည်ဖော်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

Facebook