Connect with us

Hi, what are you looking for?

သတင်း

KNU ဗဟိုအလုပ်အမှုဆောင် ၁၁ဦး​ရွေးချယ်ပြီး၊ လူငယ်များအပါအဝင် အဖွဲ့ဝင်အသစ် ၆ဦး ပါဝင်လာ

ခေါင်းဆောင်ပိုင်း ရွေးချယ်မှု အားလုံးပြီးဆုံးပြီဖြစ်၍ ကွန်ဂရက် ကျင်းပမှုမှာ မကြာမီ ပြီးဆုံးတော့မည်ဖြစ်​ကြောင်းသိရသည်။

KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း
KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း

▪︎ စစ်​ကောင်စီလေကြောင်းရန်ကြောင့် နေရာ ၈ နေရာခွဲ၍ အွန်လိုင်းမှ ကျင်းပ

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ၁၇ကြိမ်မြောက် ကွန်ဂရက်မှ ရွေးကောက်တင်မြောက်လိုက်သည့်ဗဟိုအလုပ်အမှုဆောင်သစ် ၁၁ဦး၏ အမည်စာရင်းကို ကရင်အမျိုးသားမီဒီယာက ဖော်ပြခဲ့ရာ KNU ဗဟို သတင်းရင်းမြစ်က မှန်ကန်ကြောင်း အတည်ပြုသည်။

KNU ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၁ဦးမှာ ပဒိုစောကွယ်ထူး၀င်း၊ ပဒိုစောဆဲဂေ၊ ပဒိုစောတာဒို့မူး၊ ပဒိုစောသောသီဘွဲ၊ ပဒိုစောလှထွန်း၊ ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဗိုလ်မှူးချုပ်စောတာမလာသော၊ ပဒိုစောတောနီးပဒိုစောအယ်ကလူစေး၊ ပဒိုနော်ဒါးဒါး၊ ပဒိုစောလော်အယ်မူး တို့ ဖြစ်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဒုဥက္ကဌ ပဒိုစောဆဲဂေ
ဒုဥက္ကဌ ပဒိုစောဆဲဂေ

“လူငယ်တွေပါတယ်။ စောအယ်ကလူစေးသူကတော့CEC။CEC မှာ အမျိုး သမီးတစ်ဦးပါတယ်။ စောလယ်အယ်မူးက သုံးဆယ်ကျော်ပဲ” ဟု KNU သတင်းရင်းမြစ်က ပြောသည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၌ အသက်အငယ်ဆုံးဖြစ်သည့်ပဒိုစောလော်အယ်မူးသည် ယခင် လေးနှစ်သက်တမ်းတွင် KNU ဗဟိုပညာရေးဌာန၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည်။

ထို့အပြင် ယခင်သက်တမ်းက နိုင်ငံခြားရေးဌာန တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည့် ပဒိုစောတောနီးသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် အရွေးချယ်ခံရသကဲ့သို့ နိုင်ငံခြားရေးဌာန တာဝန်ခံအဖြစ်လည်း ဆက်လက် ရွေးချယ်ခံရသည်ဟု ကရင်အမျိုးသားမီဒီယာက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခု ဗဟိုအလုပ်အမှုဆောင် ၁၁ဦး အနက် ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောလှထွန်း၊ ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ပဒိုနော်ဒါးဒါးတို့ ငါးဦးမှာ ယခင်သက်တမ်းတွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အဖြစ် တာဝန်ယူခဲ့သူများ ဖြစ်ပြီးယခုထပ်မံ ရွေးချယ်ခံရခြင်းဖြစ်သည်။ ပဒိုစောဆဲဂေ၊ ပဒိုစောတောနီး၊ ဗိုလ်မှူးချုပ်စောတာမလာသော၊ ပဒိုစောအယ်ကလူစေး၊ ပဒိုစောလော်အယ်မူး တို့မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ပထမ ဆုံး အရွေးချယ်ခံရခြင်းဖြစ်သည်။ ပဒိုစောသောသီဘွဲ မှာမူ ၁၅ကြိမ်မြောက် ကွန်ဂရက်တွင် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု ထပ်မံ၍ တွဲဖက်အတွင်းရေးမှူးအဖြစ်အရွေးချယ်ခံရခြင်းဖြစ်သည်။

၂၀၁၇ က ကျင်းပခဲ့သည့် ၁၆ကြိမ်မြောက် KNU ညီလာခံကို ခရိုင်နှင့် တပ်မဟာ ခုနစ်ခုလုံးမှ ကိုယ်စားလှယ်များ စုံညီစွာစုစည်းကျင်းပခဲ့သော်လည်း ယခု ၁၇ကြိမ်မြောက်တွင် စစ်ကောင်စီတပ်၏ လေကြောင်း အန္တရာယ် ကြောင့်နေရာ ၈နေရာခွဲပြီး အွန်လိုင်းဖြင့် ကျင်းပခဲ့သည်။

“လုံခြုံရေးက အပေါ်မူတည်ပြီး နေရာ ၈နေရာခွဲလိုက်တယ်။ ခရိုင် ခုနစ်ခရိုင်ဆိုတော့ ခုနစ်နေရာ၊ ဗဟိုက တစ်နေရာပေါ့။အနှောက်အယှက်တော့မရှိပါဘူး။ လေကြောင်းနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်တဲ့သဘောပဲ” ဟု KNUသတင်းရင်းမြစ်က ပြောသည်။

(ဓာတ်ပုံ- KNU၊ ကရင်အမျိုးသားမီဒီယာ၊ KIC၊People’s Spring)

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook