Connect with us

Hi, what are you looking for?

သတင်း

အဖွဲ့တံဆိပ်ကို မလျော်ကန်တဲ့နည်းနဲ့အသုံးပြုတာမတွေ့ရသေးဘူးလို့ WFP ပြန်ရှင်း

WFP အမှတ်တံဆိပ် ကပ်ထားတဲ့ ကားတွေနဲ့ စစ်တပ် ရိက္ခာသယ်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေချိန်မှာ WFP ရဲ့ဖြေရှင်းချက်ထွက်လာတာပါ။

WFP ရဲ့ စားနပ်ရိက္ခာထောက်ပံ့ရေး ယာဉ်တန်းကိုတွေ့ရစဉ်
WFP ရဲ့ စားနပ်ရိက္ခာထောက်ပံ့ရေး ယာဉ်တန်းကိုတွေ့ရစဉ်

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ အမှတ်တံဆိပ်ကို မလျော်ကန်တဲ့ နည်းလမ်းနဲ့ အသုံးချတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ (WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ် က ပြောပါတယ်။

WFP အမှတ်တံဆိပ် ကပ်ထားတဲ့ ကားတွေနဲ့ စစ်တပ် ရိက္ခာသယ်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေချိန်မှာ WFP ရဲ့ဖြေရှင်းချက်ထွက်လာတာပါ။

အဖွဲ့အစည်း အမှတ်တံဆိပ်ကို အသုံးပြုထားတယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ ဒီနေ့ အချိန်ထိ မတွေ့ရသေးဘူးလို့လည်း WFP ကဆိုပါတယ်။

သက်သေအထောက်အထား တစုံတရာ ရှိရင် WFP မြန်မာ ရုံးကို ဆက်သွယ်ပေးပို့နိုင်တယ်လို့ WFP ရဲ့ ဌာနကိုယ်စားလှယ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

WFP အနေနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ရာမှာ ရပ်ရွာလူထုရဲ့ ကူညီမှုကို အားကိုးအားထားပြုပြီးလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

ဒီနှစ် ထဲမှာ အကူအညီလိုအပ်နေတဲ့ လူဦးရေ ၄ သန်းခွဲဆီ အသက်ကယ်ဆယ်ရေး အကူအညီတွေ ကို လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတွေနဲ့ ထောက်ပံ့မယ်လို့သိရပါတယ်။

ဒါပေမယ့် ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေကို သွားရောက်ကူညီခွင့်ရဖို့ ကန့်သတ်ချက် တွေ ရှိနေတယ်လို့ လည်း သိရပါတယ်။

ဓာတ်ပုံ − WFP မြန်မာ

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံတဝန်းပိုမိုဆိုးရွားလာတဲ့စားနပ်ရိက္ခာအကျပ်အတည်းကိုရင်ဆိုင်ရာမှာအထောက်အကူဖြစ်ဖို့အတွက်ဥရောပသမဂ္ဂ(EU)ကယူရိုငွေ ၈ သန်းကိုထောက်ပံ့ကူညီလာတယ်လို့ ကုလသမဂ္ဂရဲ့ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ်(WFP) ဒီနေ့ ( မေလ ၁၈ )မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် ဒုက္ခရောက်ရသူတွေဟာ ကမ္ဘာ့အရှေ့အလယ်ပိုင်းက ပဋိပက္ခကဖြစ်ပေါ်လာတဲ့ လောင်စာဆီအခက်အခဲနဲ့အတူ စားနပ်ရိက္ခာနဲ့ မြေဩဇာဈေးနှုန်းကြီးမြင့်မှု ဒဏ်တွေကိုပါ ထပ်ဆင့်ခံစားနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ဒီကနေ့ မတ်လ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

စစ်ဒဏ်ကို အပြင်းအထန် ခံစားနေရတဲ့ ရခိုင်ပြည်နယ်ထဲမှာ အငတ်ဘေး ဆိုက်လာမယ့် အန္တရာယ်က ကြီးကြီးမားမား ရှိနေကြောင်း လူသားချင်း စာနာမှု ထောက်ပံ့ရေး အေဂျင်စီ တစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)က သတိပေးခဲ့ပါတယ်။

သတင်း

ငလျင်ဒဏ်သင့်ဒေသက မြန်မာလူထုအတွက် စားနပ်ရိက္ခာ ထောက်ပံ့ဖို့ ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေ ယူရို ၅ သန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ကြီး (WFP) ကတဆင့် ပေးအပ်သွားမယ်လို့ သိရပါတယ်။