Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ Denko ဆီဆိုင် ဓားပြတိုက်ခံရ

ဓားပြတိုက်ခံရတဲ့ ဆိုင် ဟာ စစ်ကိုင်း − မန္တလေး လမ်းပိုင်း လူစည်ကားရာ နေရာမှာ တည်ရှိတာလည်းဖြစ်ပါတယ်။

Denko စက်သုံးဆီဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ်
Denko စက်သုံးဆီဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ်

မန္တလေး ၊ အမရပူရမြို့နယ် ထဲက စစ်ကိုင်း − မန္တလေး ကားလမ်းပေါ်မှာရှိတဲ့ Denko စက်သုံးဆီဆိုင်ဟာ ဒီနေ့မနက်အစောပိုင်းက ဓားပြတိုက်ခံလိုက်ရပါတယ်။

မနက် ၂ နာရီခွဲ ဝန်းကျင်မှာ ဆိုင်ကယ် ၂ စီးနဲ့အမျိုးသား ၃ ဦးရောက်လာပြီး ဓားပြတိုက်သွားတာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပါတယ်။

အဲဒီအမျိုးသား ၃ ဦးဟာ ဆီဖြည့်မယ်ဆိုပြီး ဆိုင်ထဲဝင်ကာ ဆိုင်မန်နေဂျာအပါအဝင် ဝန်ထမ်း ၃ ဦးကို ဓားထောက်ပြီး ကြိုးတုပ်ကာ ဆီရောင်းရငွေ ကျပ်သိန်း ၂၅၀ ကို လုယက်သွားတယ်လို့ သိရပါတယ်။

ဒါအပြင် ဆိုင်ရဲ့ CCTV မှတ်တမ်းစက်တွေကို တပါတည်းယူဆောင်သွားတယ်လို့ စစ်အုပ်စုရဲ့သတင်းထုတ်ချက်မှာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဓားပြတိုက်ခံရတဲ့ ဆိုင် ဟာ စစ်ကိုင်း − မန္တလေး လမ်းပိုင်း လူစည်ကားရာ နေရာမှာ တည်ရှိတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။