Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင် စစ်ကောင်စီတပ်က ပကဖစခန်းခွဲတစ်ခုစီးနင်းပြီး ရဲဘော်သုံးဦးကို သတ်ဖြတ်

မေလ ၅ရက်က ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာအစပ်၌ စစ်ကောင်စီတပ်နှင့် မြို့နယ် (ပကဖ) ကင်းတပ်စိတ်များ ထိတွေ့မှုဖြစ်ပွားခဲ့သည်။

(PDF စခန်းခွဲအား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - မိုးသားရိပ်)
(PDF စခန်းခွဲအား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - မိုးသားရိပ်)

▪️အခြားအဖွဲ့မှ ရဲဘော်နှစ်ဦးနှင့် စစ်ရှောင်ပြည်သူ သုံးဦးကိုလည်း သတ်ဖြတ်သွား

▪️မြောင်နယ်သို့လာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ၁နာရီကြာတိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) စခန်းတစ်ခုကို စီးနင်းပြီးနောက် ရဲဘော်ငါးဦးနှင့် ပြည်သူသုံးဦးကို သတ်ဖြတ်သွားကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

မေလ ၅ရက်က ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာအစပ်၌ စစ်ကောင်စီတပ်နှင့် မြို့နယ် (ပကဖ) ကင်းတပ်စိတ်များ ထိတွေ့မှုဖြစ်ပွားခဲ့သည်။

ထို့နောက် အဆိုပါစစ်ကြောင်းသည် CHUPDF ၏ လေ့ကျင့်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးနောက်တန်းစခန်းခွဲတစ်ခုကို ဝင်ရောက်စီးနင်းရာ အဆိုပါစခန်းခွဲမှ စခန်းခွဲမှူးတစ်ဦးနှင့် ရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် အနီးနားရှိ တောရဘုန်းကြီးကျောင်း၌ ဝေယျာဝစ္စလုပ်ကိုင်နေသူ နှစ်ဦးလည်း သတ်ဖြတ်ခဲ့ကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ဆက်လက်စစ်ကြောင်းထိုးလာရာ လမ်းတွင်တွေ့ရသော အသက် (၆၅)နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးကြီးတစ်ဦးနှင့် အသက် (၄၀)ဝန်းကျင် အမျိုးသားနှစ်ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

Public Service Announcement
Public Service Announcement

သတ်ဖြတ်ခံရသည့် အမျိုးသား လေးဦးအနက် နှစ်ဦးမှာ ဒေသကာကွယ်ရေးရဲဘော်များ ဖြစ် ကြောင်း ချောင်းဦးအခြေစိုက်ရဲဘော်တစ်ဦးက ပြောသည်။

“Aung San Force က တစ်ဦးလည်းပါတယ်ပြောတယ်။ ခုမနက်ကို အမြင့်တိုက်နယ်တောင်ဘက်ခြမ်း၊ ပျူတွေရှိတဲ့နေရာတွေကနေ တောက်လျှောက်ထိုးနေတာ။ ချောင်းဦးအနောက်ဘက်ခြမ်းရောက်နေပြီ။”ဟု အဆိုပါ ရဲဘော်က ပြောသည်။

“အခုဒီမနက်ထိကို စစ်ကြောင်းထိုးနေလို့ ပြေးနေရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဥ်များနှင့်ပတ်သက်၍ ဒေသတွင်းကာကွယ် ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ရေစကြိုဘက်မှ ကူးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တစ်နာရီခန့် တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများကြောင်း Myingyan Black Tiger (MBT) အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မေလ ၆ ရက်) ညနေ ၄နာရီခန့်က မြောင်မြို့နယ်၊ ရွှေတစ်ချောင်းကျေူရွာမှ ကျောက်ရစ်ရဲစခန်းသို့ တက်သွားသော စစ်ကောင်စီ စစ်ကြောင်းနှင့် Myingyan Black Tiger (MBT) အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သ​ည်။

MBT အဖွဲ့က စစ်ကောင်စီစစ်ကြောင်းနှင့် အနီးဆုံးနေရာ သနပ်ကုန်းတံတားအထိကပ်၍ အနီးကပ် ပစ်ခတ်ခဲ့ကြောင်း၊ ပခုံးထမ်းလောင်ချာများ၊ လက်လုပ်ကိုးလုံးလက်နက်များဖြင့် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁နာရီခန့်ကြာခဲ့ကြောင်း MBTအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် မဟာမိတ်အဖွဲ့များကလည်း (၆၀)မမ များ၊ လက်နက်ငယ်များဖြင့် ကာပစ်ပေးခဲ့၍ စစ်ကောင်စီစစ်ကြောင်းအထိနာသွားခဲ့သည်ဟု Myingyan Black Tiger (MBT) အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ကျောက်ရစ်ဘက်မှာ အင်အားလိုလို့ ရေစကြိုဘက်ကနေ အင်အား၃၀ အကူခေါ်တာ။ အဲဒီအချိန်မှာသနပ်ကုန်းတံတားကနေ ဖြတ်တိုက်ခဲ့တာပါ။ စက်လှေ၃စီးနဲ့အလောင်းတွေကော လူနာတွေကော ရေစကြိုဘက်ကိုပြန်ပြီးသယ်သွားတယ်။”ဟု MBTအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းစစ်ဆင်ရေးကို MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲနှင့် တိုက်ခိုက်ရေးခေါင်းဆောင် ကိုကရင်ကြီးတို့ ဦးဆောင်မှုဖြင့် Myingyan Black Tiger (MBT)၊ People Spirit Force (PSF)၊ MGN 9 Stars၊ Royal Brother Defence Force နှင့် မဟာမိတ် တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Facebook