Connect with us

Hi, what are you looking for?

သတင်း

ထီးစဲခါးဂိတ်တွင် စစ်ကောင်စီတပ်သားက ခမရ(၅၃၀)တပ်ရင်းမှူးအားပစ်သတ်ပြီး ကိုယ်တိုင်အဆုံးစီရင်

လွိုင်ကော်မြို့၏မြောက်ဘက် လွိုင်လင်လေးမြို့နယ်အတွင်းရှိ ထီးစဲခါးဂိတ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အချင်းများမှုမှာ ယခုရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

(လွိုင်လင်လေးမြို့နယ်ရှိ ထီစဲခါးဂိတ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(လွိုင်လင်လေးမြို့နယ်ရှိ ထီစဲခါးဂိတ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ် ထီးစဲခါးဂိတ်တွင် စစ်ကောင်စီတပ်သားက ခမရ(၅၃၀) တပ်ရင်းမှူးအားပစ်သတ်ပြီး ကိုယ်တိုင် အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း ​ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

လွိုင်ကော်မြို့၏မြောက်ဘက် လွိုင်လင်လေးမြို့နယ်အတွင်းရှိ ထီးစဲခါးဂိတ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အချင်းများမှုမှာ ယခုရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“ဒီလ ၄ ရက်နေ့က ဖြစ်တာလို့ ကနဦးသိရတာ။ မသေချာလို့ ဆက်စုံစမ်းနေတာ။ဒီနေ့ လွိုင်ကော်စစ်ဆေးရုံရဲ့ထဲမှာရှိတဲ့သူက အတည်ပြုတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ခမရ(၅၃၀)သည် လွိုင်လင်လေး အခြေစိုက်ဖြစ်ပြီး ထီးစဲခါးဂိတ်ကို တာဝန်ယူထားသည့် စစ်ကောင်စီ၏တပ် ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ပစ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်​သေသွားတဲ့ တပ်သားက ဂိတ်မှာ အရက်သောက်တာကို ရင်းမှူးက ပါးရိုက်ပြီး ကန်ကျောက်တယ်။အဲဒါ မကျေနပ်တော့ အနောက်ကနေ ရင်းမှူးကို ပစ်လိုက်ပြီး သူကိုယ်တိုင် သူ့လက်နက်နဲ့ ပြန်ပစ်ပြီးအဆုံးစီရင်သွားတာ”ဟု ထီးစဲခါးဂိတ်နှင့် နီးစပ်သူက ရှင်းပြသည်။

လက်ရှိတွင် ရှမ်း-ကရင်နီဒေသအကြား(ဖယ်ခုံ၊မိုးဗြဲ)တွင် တိုက်ပွဲများနေ့စဥ် ဖြစ်ပွားလျက်ရှိပြီး အထိနာနေသော စစ်ကောင်စီတပ်က ယခုလဆန်းပိုင်းကစ၍ ပြန်လည်ထိုးစစ်ဆင်နေသည်။

ထို့အပြင် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့အ​ရှေ့ဘက်​သို့ စစ်ကောင်စီ စစ်ကြောင်းများပြန်လည်ဝင်ရောက်လာ၍ ထိတွေ့တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယခုလ ၅ ရက်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။