Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူနယ်ရှိ ကပစ (၂၂)အား PDFများကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

မေ ၇ ရက်နေ့နံနက် ၆ နာရီခွဲခန့်က ကပစ (၂၂)အတွင်းရှိ လက်နက်များထားရှိသည့် အဆောက်အအုံနေရာကို သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး ( B.H.S.R.F)နှင့် ပခုက္ကူခရိုင် အမှတ် (၁၁)တပ်ရင်း- ပြည်သူ့စွမ်းအား တပ်ပေါင်းစု (PPC)တို့ပူးပေါင်းကာ B.H.S.R.F ထုတ်လုပ်သော Short Range Missile (၁၂)လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ကပစ စက်ရုံ (၂၁) မင်းဘူးခရိုင်တပ်ရင်းက ဧပြီလက ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ရန် ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-NUG)
(ကပစ စက်ရုံ (၂၁) မင်းဘူးခရိုင်တပ်ရင်းက ဧပြီလက ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ရန် ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-NUG)

ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ ကာ ကွယ်ရေးပစ်စည်းစက်ရုံ ကပစ (၂၂) အား ဒုံး ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မကွေး တိုင်း Droneအထူးတပ်ရင်း၊ တပ်ခွဲ(၅) သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး ( B.H.S.R.F) မှတာဝန်ရှိသူတစ်ဦးကပြောသည်။

မေ ၇ ရက်နေ့နံနက် ၆ နာရီခွဲခန့်က ကပစ (၂၂)အတွင်းရှိ လက်နက်များထားရှိသည့် အဆောက်အအုံနေရာကို သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး ( B.H.S.R.F)နှင့် ပခုက္ကူခရိုင် အမှတ် (၁၁)တပ်ရင်း- ပြည်သူ့စွမ်းအား တပ်ပေါင်းစု (PPC)တို့ပူးပေါင်းကာ B.H.S.R.F ထုတ်လုပ်သော Short Range Missile (၁၂)လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း Missile (၁၂)လုံးပစ်ခဲ့ရာတွင် ကပစ -၂၂(ဆိပ်ဖြူ)မှ ၆ လုံးတန်းခေါ် လက်နက်စက်ရုံ တစ်ခု ထိခိုက်ပျက်စီးသွားသည်ဟု သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးက အသိပေးသည်။

“လက်နက်တိုက်ကို အဓိကပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တဲ့အတွက် စခအ သေအပျောက်တော့မရှိပါဘူးဗျ။ ပထမ အလုံးကျကတည်းက အကုန် လုံး ၀ရုန်းသုန်းကားထွက်ပြေးကြတယ်လို့ ပြောပါတယ်”ဟု ၎င်းတော်လှန်ရေးတပ်ဦးမှ တာ၀န်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုတွင် နယ်မြေလုံခြုံရေးအနေဖြင့်လိုက်ပါကူညီခဲ့သော ပခုက္ကူခရိုင်၊ တပ်ရင်း(၁၁) ပြည်သူ့စွမ်းအားတပ်ပေါင်းစု (PPC)နှင့် နယ်မြေရှင်းလင်းရေး ကူညီပေးခဲ့သော ပခုက္ကူခရိုင် တပ်ရင်းအမှတ် (၁၂)၊ Young Revolution Font(YRF)တို့အား အထူးပင်ကျေးဇူး တင် ဂုဏ်ပြုကြောင်း ဆိပ်ဖြူတော်လှန်ရေးတပ်ဦးက ဖော်ပြသည်။

ပြီးခဲ့သည့် ဧပြီ ၂၂ ရက်ကလည်း ဆိပ်ဖြူနယ်ရှိ ကပစ(၂၁)၊ ကပစ (၂၂)နှင့် ဝါဇီငွေထုတ်စက်ရုံတို့ကိုသွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းကို သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး( B.H.S.R.F)က ဖောက်ခွဲဖျက်ဆီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook