Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးရမ်းပစ်၍ အရပ်သားတစ်ဦးသေ၊ ရှစ်ဦး ဒဏ်ရာရဟု ဒေသခံပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ဘက်က လတ်တလော စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်သော်လည်း စစ်ကောင်စီက ညဘက်တွင် ဒေသတွင်းရှိကျေးရွာများသို့ လက်နက်ကြီး ရမ်းပစ်နေသည်ဟု ဆိုသည်။

(ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီးပေါ်တွင် ခြေလျင်ချီတက်နေသော စစ်ကောင်စီတပ်သားများကို ၂၀၂၂ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီးပေါ်တွင် ခြေလျင်ချီတက်နေသော စစ်ကောင်စီတပ်သားများကို ၂၀၂၂ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ဓာတ်ပုံ - CJ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ၍ အရပ်သားပြည်သူ ထိခိုက်မှုများရှိနေကြောင်း ဒေသခံက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ဘက်က လတ်တလော စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်သော်လည်း စစ်ကောင်စီက ညဘက်တွင် ဒေသတွင်းရှိကျေးရွာများသို့ လက်နက်ကြီး ရမ်းပစ်နေသည်ဟု ဆိုသည်။

“ကော့ကရိတ်တောင်ပိုင်း ဒီနယ်မြေမှာ သူတို့ ညည လိုက်ထု(လက်နက်ကြီးပစ်ခတ်)နေတာ တောက်လျှောက်ပဲ။ ၁၀ရက်တစ်ပတ်လောက်ရှိပြီ။ အကြောင်းမဲ့ လိုက်ထုနေတော့ ဒေသခံလူထုတွေ ထိခိုက်နစ်နာမှုတွေရှိတယ်။” ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ဒေသခံများ နေ့ရောညပါ သတိဖြင့်နေထိုင်နေကြရကြောင်း၊ မိုးတွင်းကာလဖြစ်၍ ရွှေ့ပြောင်းရန်မှာလည်း အခက်အခဲရှိနေကြောင်း ဒေသခံက ပြောသည်။ ထို့ပြင် မိုးဦးကျကာလတွင် လုပ်ဆောင်လေ့ရှိသည့် လယ်ယာခြံစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အခက်အခဲရှိသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၍ ဒေသခံ ပြည်သူ ရှစ်ဦး ထိခိုက်ကာ တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံက ပြောသည်။

“အခုက ကျနော်သိရသလောက်က မောင်းမ အုပ်စုမှာ ၂ယောက်ထိသွားတယ်။ နောက်တစ်ခါ တတန်ကူး၊ နို့ကတိုးဘက်မှာကျတော့ ရွှေ့ပြောင်းအလုပ်သမားတွေ အုတ်ဖိုအလုပ်သမားတွေ ၆ယောက်လောက်ထိသွားတယ်။ တစ်ယောက်တော့ သေတာပေါ့။ လူထုတွေလည်း တော်တော်လေး ကြောက်လန့်နေပြီ။ ရွှေပြောင်းအလုပ်သမားတွေကျတော့ ရပ်ဝေးကလာပြီး အုတ်ဖိုတွေလာလုပ်တတာ” ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook