Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ပေါ်တွင် စစ်ဆေးငွေတောင်းခံနေသည့်စစ်အုပ်စုအား နှစ်ရက်ဆက်ပစ်ခတ်တိုက်ခိုက်

မေလ ၁၅ ရက် ညနေ ၅နာရီခန့်က မုံရွာမြို့၊ ကျွဲရဲအဝိုင်းပတ်အနီးတွင် စစ်ဆေးငွေတောင်းခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာနတ်ဆိုးအဖွဲ့က ပြောသည်။

(မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများအား စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁က တွေ့ရစဥ် ။ ဓာတ်ပုံ - CJ)
(မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများအား စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁က တွေ့ရစဥ် ။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်ဆေးငွေတောင်းခံနေသည့် စစ်ကောင်စီတပ်သားများအား နှစ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက ပြောသည်။

မေလ ၁၅ရက် နံနက် ၉ နာရီခန့်က မုံရွာမြို့ GTC ကျောင်း၌ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သား ငါးဦးကို အနီးကပ်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဒဿက ပြောသည်။

မေလ ၁၅ ရက် ညနေ ၅နာရီခန့်က မုံရွာမြို့၊ ကျွဲရဲအဝိုင်းပတ်အနီးတွင် စစ်ဆေးငွေတောင်းခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာနတ်ဆိုးအဖွဲ့က ပြောသည်။

ထို့အပြင် မေလ ၁၆ ရက် နံနက် ၆နာရီခန့်ကလည်း မုံရွာမြို့ ဘိုးဘွားရိပ်သာအဝိုင်းပတ်အနီးတွင် စစ်ဆေးငွေတောင်းခံနေသည့် စစ်ကောင်စီတပ်သား သုံးဦးအား ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦး သေဆုံးကြောင်း မုံရွာနတ်ဆိုးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“သေတာကတော့ ကျွန်တော်တို့ သတင်းပေးလည်းရှိတယ်။လမ်းသွားနေတဲ့ ပြည်သူတွေလည်း အကုန်မြင်ရတာ။ ကျွဲရဲအဝိုင်းပတ်နားမှာတုန်းကတော့ ကျွန်တော်တို့ပစ်တော့ သုံးယောက်ကတစ်နေရာ၊ နှစ်ယောက်ကတစ်နေရာ၊ တစ်ယောက်ကတစ်နေရာ၊ မလှမ်းမကမ်းမှာရှိနေတာ။ အသေပျောက်တော့အတိအကျမသိရဘူး။”ဟု မုံရွာနတ်ဆိုးအဖွဲ့ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ပြောသည်။

သို့သော် စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးမှုအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“၁၅ ရက်နေ့က မုံရွာ အရှေ့မြောက်ဘက်မှာ အုံးသံတွေကော ပစ်သံတွေကော ကြားလိုက်ရတယ်”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

မေလဒုတိယပတ်ကလည်း မုံရွာမြို့၊ ဗိုလ်တေဇလမ်းတွင် စစ်ကောင်စီတပ်အား မုံရွာနတ်ဆိုးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook