Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ပေါ်တွင် စစ်ဆေးငွေတောင်းခံနေသည့်စစ်အုပ်စုအား နှစ်ရက်ဆက်ပစ်ခတ်တိုက်ခိုက်

မေလ ၁၅ ရက် ညနေ ၅နာရီခန့်က မုံရွာမြို့၊ ကျွဲရဲအဝိုင်းပတ်အနီးတွင် စစ်ဆေးငွေတောင်းခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာနတ်ဆိုးအဖွဲ့က ပြောသည်။

(မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများအား စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁က တွေ့ရစဥ် ။ ဓာတ်ပုံ - CJ)
(မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများအား စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁က တွေ့ရစဥ် ။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်ဆေးငွေတောင်းခံနေသည့် စစ်ကောင်စီတပ်သားများအား နှစ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက ပြောသည်။

မေလ ၁၅ရက် နံနက် ၉ နာရီခန့်က မုံရွာမြို့ GTC ကျောင်း၌ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သား ငါးဦးကို အနီးကပ်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဒဿက ပြောသည်။

မေလ ၁၅ ရက် ညနေ ၅နာရီခန့်က မုံရွာမြို့၊ ကျွဲရဲအဝိုင်းပတ်အနီးတွင် စစ်ဆေးငွေတောင်းခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာနတ်ဆိုးအဖွဲ့က ပြောသည်။

ထို့အပြင် မေလ ၁၆ ရက် နံနက် ၆နာရီခန့်ကလည်း မုံရွာမြို့ ဘိုးဘွားရိပ်သာအဝိုင်းပတ်အနီးတွင် စစ်ဆေးငွေတောင်းခံနေသည့် စစ်ကောင်စီတပ်သား သုံးဦးအား ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦး သေဆုံးကြောင်း မုံရွာနတ်ဆိုးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“သေတာကတော့ ကျွန်တော်တို့ သတင်းပေးလည်းရှိတယ်။လမ်းသွားနေတဲ့ ပြည်သူတွေလည်း အကုန်မြင်ရတာ။ ကျွဲရဲအဝိုင်းပတ်နားမှာတုန်းကတော့ ကျွန်တော်တို့ပစ်တော့ သုံးယောက်ကတစ်နေရာ၊ နှစ်ယောက်ကတစ်နေရာ၊ တစ်ယောက်ကတစ်နေရာ၊ မလှမ်းမကမ်းမှာရှိနေတာ။ အသေပျောက်တော့အတိအကျမသိရဘူး။”ဟု မုံရွာနတ်ဆိုးအဖွဲ့ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ပြောသည်။

သို့သော် စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးမှုအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“၁၅ ရက်နေ့က မုံရွာ အရှေ့မြောက်ဘက်မှာ အုံးသံတွေကော ပစ်သံတွေကော ကြားလိုက်ရတယ်”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

မေလဒုတိယပတ်ကလည်း မုံရွာမြို့၊ ဗိုလ်တေဇလမ်းတွင် စစ်ကောင်စီတပ်အား မုံရွာနတ်ဆိုးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လာမယ့်နိုဝင်ဘာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆွေးနွေးမှုတွေကို မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်​ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမ‌အောင်တဲ့အတွက်​ရေ​ဘေးသင့်​တောင်သူ​တွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။

သတင်း

စစ်အုပ်စုဖွင့်ထားတဲ့ CI စခန်းလာလုပ်သူမရှိဟုဆို

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို သုံးပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို သွေးခွဲဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်က ပြောကြားပါတယ်။