Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့နယ်တွင် ပျူခေါင်းဆောင်တစ်ဦး အသတ်ခံရ

တောပုရွာသည် မုံရွာနယ်၌ ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်ပြီး တော်လှန်ရေးအင်အားစုများအား မကြာခဏဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ စစ်အုပ်စုနှင့်ပေါင်း၍ ကျေးရွာများအား စစ်ကြောင်းထိုးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

အသတ်ခံရသည့် ပျူစောထီးခေါင်းဆောင် ကိုမိုးဝင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Ninja
အသတ်ခံရသည့် ပျူစောထီးခေါင်းဆောင် ကိုမိုးဝင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Ninja

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ရိက္ခာသွားယူသည့် ပျူစောထီးခေါင်းဆောင်တစ်ဦး အသတ်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (မေလ ၃ရက်) နေ့လည် ၁၂ နာရီခန့်က တောပုကျေးရွာမှ ပျူစောထီးခေါင်းဆောင်ပိုင်းတွင်ပါဝင်သူ ကိုမိုးဝင်းဆိုသူသည် ရိက္ခာထွက်ယူချိန် ၎င်းအားဖမ်းဆီးရန်ကြိုးစားရာ လက်ပစ်ဗုံးနှစ်လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ နေရာတွင်ပင် ပစ်ခတ်ခဲ့ရကြောင်း Monywa Ninja Team၏ ခေါင်းဆောင် ကိုဂျစ်တူးက ပြောသည်။

အဆိုပါ မိုးဝင်းဆိုသူသည် တောပုရွာအတွက် ရိက္ခာများ သယ်ဆောင်ပေးသူ၊ ထောင်ထားသော မိုင်းနေရာများအား ဖော်ထုက်သူ၊ PDF စခန်းနေရာများအား လိုက်လံပြသနေသူဖြစ်၍ ရှင်းလင်းရခြင်းဖြစ်ကြောင်း Monywa Ninja Team အဖွဲ့က ပြောသည်။

“လာတာတော့ တစ်ယောက်ထဲဗျ။ ရိက္ခာထွက်ယူတဲ့အချိန် သတင်းအတိကျရတာနဲ့ ကျွန်တော်တို့ လေးနေရာခွဲ စောင့်ဆိုင်းနေခဲ့တာ။ ရှင်းလင်းတဲ့ နေရာကတော့ သူတို့ပျူရွာအဝင် တောင်ပုံ ကျေးရွာအထွက်မှာ ရှင်းလင်းခဲ့တာပါ။”ဟု Monywa Ninja Team၏ ခေါင်းဆောင် ကိုဂျစ်တူးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် ၎င်း၏ဖုန်းထဲတွင် ရန်သူမမြင်နိုင်သောဂါထာ၊ ကျည်ကွင်းဂါထာ၊ မိုင်းကွင်းဂါထာများအား ဖုန်းကင်မရာဖြင့်ရိုက်ယူထားသည့် ဓာတ်ပုံတစ်ပုံကိုလည်း တွေ့ရှိရကြောင်း ကိုဂျစ်တူးက ပြောသည်။

ယင်းလုပ်ဆောင်မှုကို Monywa Ninja Team နှင့် မဟာမိက် Royal God people defense force တို့က ပူးပေါင်းခြင်းဖြစ်ကြောင်း အသိပေးထားသည်။

တောပုရွာသည် မုံရွာနယ်၌ ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်ပြီး တော်လှန်ရေးအင်အားစုများအား မကြာခဏဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ စစ်အုပ်စုနှင့်ပေါင်း၍ ကျေးရွာများအား စစ်ကြောင်းထိုးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။