Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံထောင်မှ နိုင်ကျဥ်း ၇ ဦးအား စစ်ကောင်စီကခေါ်ထုတ်သွားပြီး တစ်ဦးကျဆုံး

မြင်းခြံအကျဥ်းထောင်သို့ မန္တလေး၊ မုံရွာ၊ ပခုက္ကူနယ်များမှ နိုင်ငံရေးအကျဥ်းသားများအား ယမန်နှစ်အတွင်းက ပြောင်းရွှေ့ချထားခဲ့ပြီး အကြမ်းဖက် ဖိနှိပ်ရိုက်နှက်ခြင်း၊ သံခြေကျင်းမဖြုတ် ပေးဘဲ အလုပ်ကြမ်းများ အဓမ္မခိုင်းခြင်း ပြုလုပ်ခဲ့သည်။

မြင်းခြံထောင်မှ နိုင်ကျဥ်း ၇ ဦးအား စစ်ကောင်စီကခေါ်ထုတ်သွားပြီး တစ်ဦးကျဆုံး
မြင်းခြံထောင်မှ နိုင်ကျဥ်း ၇ ဦးအား စစ်ကောင်စီကခေါ်ထုတ်သွားပြီး တစ်ဦးကျဆုံး

▪︎ထောင်ရှိ အကျဥ်းသားများ အစာအငတ်ခံ ဆန္ဒပြနေ

မန္တလေးတိုင်း၊ မြင်းခြံအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၇ ဦးအား စစ်ကောင်စီတပ်က ခေါ်ထုတ်သွားပြီး တစ်ဦးကျဆုံး ကျန်နိုင်ငံရေးအကျဥ်းသားများအတွက် စိုးရိမ်နေရကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

ယမန်နေ့ မေလ ၂၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က အိပ်ဆောင်ဝန်း (၂)ရှိ တောင်သာမြို့နယ်မှ ကိုကျော်မင်းနိုင်နှင့် ကိုသက်မောင်မောင်တို့အားလည်းကောင်း၊ ည (၁၀) နာရီခွဲခန့်တွင် မန္တလေးမှ ကိုကျော်မျိုးတင့်နှင့် ကိုဇော်ဇော်အောင်တို့အားလည်းကောင်း၊ ည (၁၁) နာရီခန့်တွင် မုံရွာမှ ကိုဥက္ကာကိုလည်းကောင်း ထောင်ဝန်ထမ်းများက ခေါ်ထုတ်သွားသည်။

ယနေ့ မေလ (၂၂) ရက်တွင်လည်း နံနက် (၁၀) နာရီခန့်တွင် ကိုကျော်တင့်ဦး၊မွန်းတည့်(၁၂) နာရီခန့်တွင် ကိုအောင်မျိုးသန့်တို့အား ထပ်မံခေါ်ထုတ်သွားကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများအား ရဲနှင့်စစ်သားများမှ အကြောင်းပြချက်မရှိခေါ်ထုတ်ကာ စစ်သားနှင့်ရဲများ၏ ရိုက်နှက်စစ်ဆေးမှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဥက္ကာ ကျဆုံးသွားကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် ကျဆုံးမှုအခြေအနေမှာမူ အတည်ပြု၍ မရသေးကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့က ပြောသည်။

ထိုသို့ခေါ်ဆောင်မှုအား နိုင်ငံရေးအကျဉ်းသားများက အိပ်ဆောင်မှူးနှင့် ထောင်ပိုင်အား မေးမြန်းခဲ့သော်လည်း အကြောင်းပြန်မှုမရှိကြောင်း သိရသည်။

ယခုလက်ရှိ ‌မြင်းခြံထောင်အတွင်းတွင် အိပ်ဆောင်များအား တန်းဖွင့်ပေးထားခြင်းမရှိဘဲ အကျဉ်းသားများကို အဆောင်ထဲတွင် သော့ခတ်ပိတ်ထားကာ စစ်သားနှင့် ရဲများလည်း အုတ်ရိုးအတွင်းတွင် တပ်စွဲထားကြောင်း အထက်ပါကော်မတီက ပြောသည်။

“အမှုနဲ့ပတ်သက်ပြီး စစ်ဆေးစရာရှိတာတို့ ပြဿနာတစ်ခုခုတက်တဲ့အချိန်မှာ စစ်ကြောရေးခေါ်တာတို့ ရှိတယ်။ ဒါပေမယ့် အရင်နေ့တွေကလည်း ပြဿနာဖြစ်ထားတာမရှိဘူး။ နောက်အမှုမရှိတော့လို့ပဲ မြင်းခြံထောင်ကို ရွှေ့လိုက်တာ ဖြစ်တဲ့အတွက် နောက်အမှုအတွက်ခေါ်တာမဖြစ်နိုင်ဘူး။ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဥ်းသားတွေ အကြောက်တရားရှိအောင်လို့ သက်သက်ကြီးခေါ်ပြီး ဖမ်းဆီးနှိပ်စက်တယ်လို့ မြင်ပါတယ်။”ဟု မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုရှင်းသန့်က ပြောကြားသည်။

ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများမှာ ထောင်က ဝေသော ထမင်းဟင်းများအား လက်မခံဘဲ အစာငတ်ခံ ဆန္ဒပြလျက်ရှိကြောင်းလည်း သိရသည်ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောသည်။

“နိုင်ငံရေးအကျဥ်းသားတွေကို ခေါ်ထုတ်နေတာ ယနေ့ထိဖြစ်ပြီး ဘယ်ကိုခေါ်ထုတ်သွားတယ်ဆိုတာမသိရဘဲ ထောင်အတွင်းမှ နိုင်ကျဉ်းများပါ စိုးရိမ်‌မှုတွေရှိနေပါတယ်။”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိ​ပေးသည်။

မြင်းခြံအကျဥ်းထောင်သို့ မန္တလေး၊ မုံရွာ၊ ပခုက္ကူနယ်များမှ နိုင်ငံရေးအကျဥ်းသားများအား ယမန်နှစ်အတွင်းက ပြောင်းရွှေ့ချထားခဲ့ပြီး အကြမ်းဖက် ဖိနှိပ်ရိုက်နှက်ခြင်း၊ သံခြေကျင်းမဖြုတ် ပေးဘဲ အလုပ်ကြမ်းများ အဓမ္မခိုင်းခြင်း ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။