Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ပေါ်တွင် အလှကုန်ဆိုင် နေ့ခင်းကြောင်တောင် အနုကြမ်းစီးခံရ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်တွင် ​ရွှေဆိုင်များ၊ ဖုန်းဆိုင်၊ ဆိုင်ကယ်ဆိုင်များ မကြာခဏဓားပြတိုက်မှု၊ အနုကြမ်းစီးမှုများ ဖြစ်ပွားခဲ့ပြီး ရွှေထည်များနှင့် ကျပ်သိန်းထောင်ချီဆုံးရှူံးကာ လူထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

မုံရွာမြို့လယ်တစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj
မုံရွာမြို့လယ်တစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် အလှကုန်ဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင် အနုကြမ်းစီးခံရပြီး ရွှေနှင့် ငွေများပါသွားကြောင်း မုံရွာမြို့ခံများက ပြောသည်။

ယမန်နေ့ (မေလ ၂၂ ရက်) နေ့လည် ၂ နာရီခန့်က မုံရွာမြို့၊ပွဲစားတန်းလမ်းရှိ ငွေဇာလှိုင်း အလှကုန်ဆိုင်အား ဆိုင်ကယ် သုံးစီးဖြင့် အမျိုးသမီးတစ်ဦး၊ အမျိုးသား နှစ်ဦး ရောက်ရှိလာပြီး တံခါးများပိတ်ကာ အနုကြမ်းစီးခဲ့ကြောင်း၊ ဆိုင်မှ ကျပ်သိန်း ၇၀၀ ကျော်နှင့် ရွှေများပါသွားကြောင်း အဆိုပါ ဆိုင်နှင့်နီးစပ်သူများက ပြောသည်။

“သေနတ်အတို တစ်လက်ရယ် အရှည် တစ်လက်ရယ်ပါတယ်ပြောတယ်။ ဆိုင်ကိုပိတ်ပြီး လုပ်သွားတာ။”ဟု ​မုံရွာမြို့ခံတစ်ဦးက ပြောသည်။

မုံရွာမြို့ပေါ်တွင် စစ်ကောင်စီက နေ့စဥ် နေရာအနှံ့ဖမ်းဆီးစစ်ဆေးလေ့ရှိသော်လည်း ဓားပြတိုက်ခံရသည့်နေရာကိုမူ ရောက်ရှိလာခြင်းမရှိကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်တွင် ​ရွှေဆိုင်များ၊ ဖုန်းဆိုင်၊ ဆိုင်ကယ်ဆိုင်များ မကြာခဏဓားပြတိုက်မှု၊ အနုကြမ်းစီးမှုများ ဖြစ်ပွားခဲ့ပြီး ရွှေထည်များနှင့် ကျပ်သိန်းထောင်ချီဆုံးရှူံးကာ လူထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

စစ်ကောင်စီနှင့် လက်အောက်ခံ ပျူစောထီးတို့ ပူးပေါင်း၍ ပြည်သူလူထုနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြားသွေးကွဲစေရန် ရည်ရွယ်ကာ PDF အယောင်ဆောင်၍ လုယက်မှုများ လုပ်ဆောင်နေ၍ ပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။