Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် အိမ်စီးကားတစ်စီးအား စစ်ကောင်စီတပ်က ပစ်ခတ်၊ ယာဥ်မောင်းအား ဖမ်းဆီးရိုက်နှက်

မုံရွာရှိ စစ်ကောင်စီဂိတ်များသည် အိမ်စီးကားများလာပါက သတိထားပြီး ပစ်မှတ်သဘောမျိူး သေနတ်​ဖြင့် အရန်သင့်ချိန်ရွယ်ထားသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

(စစ်ကောင်စီတပ်သားများရှိရာ မုံရွာမြို့ရှိ My Tel ရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - မုံရွာရပ်ကွက် ကင်းထောက်များ)
(စစ်ကောင်စီတပ်သားများရှိရာ မုံရွာမြို့ရှိ My Tel ရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - မုံရွာရပ်ကွက် ကင်းထောက်များ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အိမ်စီးကားတစ်စီးမောင်းနှင်လာစဥ် ကားမှန်မချ၍ဟုဆိုကာ စစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ပစ်ခတ်ကာ ယာဥ်မောင်းအား ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မေလ ၁၈ ရက်) နံနက် ၁၁ နာရီဝန်းကျင်က မုံရွာမြို့၊ ကျောက္ကာလမ်းရှိ My Tel ရုံး၌ လုံခြုံရေးချထားသော စစ်သားနှင့်ရဲများက အိမ်စီးကား အနက်ရောင် SURF ကားတစ်စီးကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးကာ ပြန်လှည့်ခိုင်းခဲ့ကြောင်း၊ ထို့နောက် ယာဥ်မောင်းအား My Tel ရုံး၌ ခေါ်ယူရိုက်နှက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“ကားမှန်ချပြီးမမောင်းလို့ သေနတ်နဲ့ တစ်ချက်လှမ်းပစ်ပြီးခေါ်တာ။ မိုးပေါ်ထောင်ပြီး ခြောက်ပစ် ပစ်တာမဟုတ်ဘဲ သေချာလှမ်းပစ်တာ။ ကားကို ပြန်လှည့်လာဖို့ အော်ခေါ်ပြီးတော့ SURF ကားသမားကို ရုံးထဲခေါ်ပြီး ရဲတွေက ဝိုင်းထိုးတာ။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

မုံရွာမြို့တွင် စစ်ကောင်စီဂိတ်များအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ကားဖြင့်မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မုံရွာရှိ စစ်ကောင်စီဂိတ်များသည် အိမ်စီးကားများလာပါက သတိထားပြီး ပစ်မှတ်သဘောမျိူး သေနတ်​ဖြင့် အရန်သင့်ချိန်ရွယ်ထားသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

မေလ ၁၅ ရက်နှင့် ၁၆ ရက်က မုံရွာမြို့ပေါ်ရှိ GTC ကျောင်း၊ ကျွဲရဲ အဝိုင်းပတ်နှင့် ဘိုးဘွားရိပ်သာအဝိုင်းပတ် အနီးရှိ စစ်ကောင်စီတပ်အား မြို့ပြပြောက်ကျားအဖွဲ့များက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook