Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းဒဏ်သင့် ချင်းပြည်သူများအတွက် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံပေးနိုင်ကြောင်း ICNCC အသိပေး

ချင်းပြည်နယ်ရှိ မိုခါမုန်တိုင်းဘေးသင့်ခဲ့သည့် မြို့နယ်များ၌ ပျက်စီးသွားသည့် လူနေအိမ်များနှင့် အခြားအဆောက်အဦးများ ပြန်လည်ပြုပြင်ရန် အိမ်မိုးသွပ်ပြားများ၊ အိမ်ရိုက်သံများ မိုးကာများနှင့် တာလပတ်များ အရေးပေါ်လိုအပ်နေကြောင်း ဖော်ပြသည်။

(မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် မတူပီနယ်မြေ၌ လူနေအိမ် ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CDF မတူပီ)
(မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် မတူပီနယ်မြေ၌ လူနေအိမ် ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CDF မတူပီ)

▪️ချင်းပြည် (၈)မြို့နယ်၌ ထိခိုက်ပျက်စီးသည့် နေအိမ်အဆောက်အဦး သုံးထောင်ကျော်ရှိပြီး စပါးကျီ ၂၅၀ကျော် ပါဝင်

ချင်းပြည်နယ်အတွင်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသည့်နေအိမ်အဆောက်အဦး သုံးထောင်ကျော်ရှိရာ အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့ပေးနိုင်ကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က ယနေ့ ထုတ်ပြန်သည်။

မေလ ၂၃ရက်အထိ ရရှိခဲ့သည့် မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို ICNCCက အသိပေးခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်ရှိ မိုခါမုန်တိုင်းဘေးသင့်ခဲ့သည့် မြို့နယ်များ၌ ပျက်စီးသွားသည့် လူနေအိမ်များနှင့် အခြားအဆောက်အဦးများ ပြန်လည်ပြုပြင်ရန် အိမ်မိုးသွပ်ပြားများ၊ အိမ်ရိုက်သံများ မိုးကာများနှင့် တာလပတ်များ အရေးပေါ်လိုအပ်နေကြောင်း ဖော်ပြသည်။

ကျေးရွာများရှိ စပါးကျီများ ပျက်စီးသွားသည့် ဒေသများအတွက် ဆန်ရိက္ခာများနှင့် အခြေခံစားသောက်ကုန်များ၊ အခြေခံ အိမ်သုံးဆေးဝါးများ လိုအပ်နေကြောင်း အသိပေးခဲ့ပြီး ထောက်ပံ့ကူညီပေးလိုသည့် ပြည်တွင်း ပြည်ပရှိ အလှူရှင် အဖွဲ့အစည်းများအနေဖြင့် ICNCC သို့ ဆက်သွယ်နိုင်ကြောင်း လိပ်စာများ ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်တွင် မြို့နယ် (၉)ခုရှိသည့်အနက် မုန်တိုင်းကြောင့် မြို့နယ် (၈)ခုတွင် ထိခိုက်ပျက်စီးမှုများရှိသည် တွန်းဇံမြို့နယ်မှအပ ကျန်မြို့နယ်များ၌ ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ မတူပီနှင့် မင်းတပ် ၊ ပလက်၀မြို့နယ်များသည် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပြီးကျန်သည့် ကန်ပက်လက်၊ တီးတိန်၊ ထန်တလန်၊ ဖလမ်း၊ ဟားခါးမြို့နယ်များ၌လည်း အပျက်အစီးများရှိခဲ့သည်။

စပါးကျီများ ပျက်စီးမှုအများဆုံးဖြစ်ခဲ့သည့် မင်းတပ်မြို့နယ်ဒေသခံက စားနပ်ရိက္ခာ အကူအညီများ ပံ့ပိုးပေးရန် တောင်းဆိုထားသည်။ မင်းတပ်တွင် စပါးကျီ ၁၇၉လုံး ပျက်စီးခဲ့သည်။

မတူပီ CDF တာဝန်ရှိသူကမူ ၎င်းတို့ဒေသ၌ CDF တပ်ဖွဲ့စခန်းများနှင့် ပြည်သူလူထုနေအိမ်များ ပျက်စီးမှုများခဲ့ရာ အမိုးအကာများအတွက်အရေးပေါ် ကူညီပေးရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ကို စစ်တပ်ကတပ်စွဲထားဆဲဖြစ်ပြီး ဒေသခံပြည်သူတစ်သောင်းကျော်ဟာ တစ်လခွဲခန့်အကြာစစ်ဘေးရှောင်နေရဆဲဖြစ်ကာ စားနပ်ရိက္ခာ တွေလိုအပ် နေတယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ စစ်တပ်က ရိက္ခာစု​နေတာ​ကြောင့် ဆန်အပါအဝင် စားနပ်ရိက္ခာ၊ သားငါး နဲ့ စက်သုံးဆီရှားပါးလာပြီးစျေးတွေအဆမတန်တက်နေလို့ ဒေသခံတွေ က ပြောပါတယ်။