Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နယ် မော်တိတ်ဒေသတွင်တိုက်ပွဲဖြစ်

ဗန်းမောက်နှင့် အင်းတော်ကြား အင်းတော်မြို့အနောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် ​မေ ၂၅ ရက်မနက် ၅နာရီခွဲခန့်တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

(စစ်တပ်က​လေ​ကြောင်းမှ ဗုံးကျဲ၍ အင်း​တော်မြို့နယ်၊ ရွာသာယာဘုန်းကြီးကျောင်းပျက်စီး​နေမှုကို​မေ ၂၃ ရက်က​တွေ့ရစဥ်။ဓါတ်ပုံ-Indaw Revolution)
(စစ်တပ်က​လေ​ကြောင်းမှ ဗုံးကျဲ၍ အင်း​တော်မြို့နယ်၊ ရွာသာယာဘုန်းကြီးကျောင်းပျက်စီး​နေမှုကို​မေ ၂၃ ရက်က​တွေ့ရစဥ်။ဓါတ်ပုံ-Indaw Revolution)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်တိတ်ဒေသတွင်ယနေ့မနက်မှစ၍တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားနိုင်ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော် တစ်ဦးက ပြောသည်။

ဗန်းမောက်နှင့် အင်းတော်ကြား အင်းတော်မြို့အနောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် ​မေ ၂၅ ရက်မနက် ၅နာရီခွဲခန့်တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

“အင်းတော်မှာတော့ဟုတ်တယ်။ဒီနေ့မနက်၅နာရီခွဲလောက်တိုက်ပွဲတွေ ဖြစ်တာပေါ့။ ဖြစ်တော့ စစ်ကောင်စီဘက်က ၁၂နာရီလောက်မှာ လေယာဉ်နဲ့ ကြဲသွားတာ။ ဖြစ်တာက အင်းတော် အနောက်ဘက် မော်တိတ်ဒေသ ကျွန်းတောရွာအနီးမှာ ဖြစ်တာ။ ခွေးတွေဘက်ကအထိအခိုက်တော့မပြောတက်ဘူး။ ကိုယ့်ဘက်ကတော့ မထိခိုက်ဘူး။ သူတို့ဘက်က အထိအခိုက်အကျအဆုံးတော့များမယ်။အဲဒါကြောင့်လေကြောင်းကလာတာ။” ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

စစ်ကောင်စီတပ်ဘက်က ယနေ့မနက်ပိုင်း၌ တစ်ကြိမ် မွန်းလွဲပိုင်းတွင်တစ်ကြိမ် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ​ဒေသတွင်းစစ်​ရေးသတင်းများ​ဖော်ပြ​နေသည့် Indaw Revolutionကလည်း​​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်သည့် ဒေသရှိ ပြည်သူများမှာ ယခင်ကတည်းက တိမ်းရှောင်နေကြသည်ဟု အင်းတော် PDFတစ်ဦးကပြောသည်။

အင်းတော်၌ တိုက်ပွဲဖြစ်နေသည့်စစ်ကောင်စီတပ်သည် ဗန်းမောက်မြို့နယ်၌ ဖြစ်ပွားသည့် တိုက်ပွဲသို့ စစ်ကူသွားရောက်မည့်တပ်ဟု ယူဆရကြောင်း အင်းတော် PDF ရဲဘော်နှင့် ဗန်းမောက်နယ် ခံတစ်ဦးက သုံးသပ်​ပြောကြားသည်။

ဗန်းမောက်မြို့နယ် ကြောင်လည်ရွာတွင်လည်းမေလ ၂၀ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အရာရှိ အပါအဝင် သေဆုံးထိခိုက်သူ ၂၀ ခန့်ရှိသည်ဟု ဗန်းမောက်​ဒေသခံက ပြောသည်။

ဗန်းမောက်တွင်(၅)ရက်ကြာမြင့်သည့် တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။

“တိုက်ပွဲဖြစ်တဲ့အတွက်ကျေးရွာတွေကတိမ်းရှောင်နေတယ်။ တိမ်းရှောင်နေရတဲ့အတွက် စားဝတ်နေရေးအခက်အခဲတွေ ရှိနေတယ်ဗျ။ စစ်ရှောင်တွေအတွက်ပေါ့။ တိုက်ပွဲတွေလည်းဆက်ဖြစ်နိုင်တဲ့ အလားအလာရှိပါတယ်” ဟု ဗန်းမောက်ဒေသခံက People’s Spring သို့ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။