Connect with us

Hi, what are you looking for?

News

ကို​ဝေမိုးနိုင်ကို ပုဒ်မ ငါးခုဖြင့်တရားစွဲ

ပထမရုံးချိန်းကို ဗီဒီယိုကွန်းဖရင့်စ် ဖြင့်ထုတ်၊ ကျန်းမာ​ရေး​ကောင်းမွန်ဟုသပိတ်​ကော်မတီထုတ်ပြန်

မုံရွာမြို့မှ ဆန္ဒပြ​ခေါင်း​ဆောင် ကို​ဝေမိုးနိုင်ကို ပုဒ်မ ငါးခုဖြင့် တရားစွဲဆိုထားပြီးပထမဆုံးရုံးချိန်းကို ဧပြီ ၂၃ညရက်တွင် ဗီဒီယိုကွန်းဖရင့်စနစ်ဖြင့်ရုံးထုတ်ခဲ့ကာ ကျန်းမာ​ရေး ​ကောင်းမွန်​ကြောင်း မုံရွာလူထုသပိတ် ဦး​ဆောင်​ကော်မတီက ယ​နေ့သတင်းထုတ်ပြန်သည်။

“ကိုဝေမိုးနိုင်ကိုလည်း Video Conferencing ဖြင့်ရုံးထုတ်သည်ဟုသိရပြီးကျန်းမာရေးအခြေအနေကောင်းမွန်သည်ဟု တရားလွှတ်တော်ရှေ့နေ ကိုမိုးဇော်ထွန်းနှင့် မုံရွာခရိုင်ရှေ့နေများကွန်ရက်ထံမှ ကြားသိရပါသည်။မိဘပြည်သူများအနေဖြင့် ကိုဝေမိုးနိုင်နှင့် ပါတ်သက်သည့် သတင်းများကို ချင့်ချိန်စိစစ်ပြီးမှ ယုံကြည်ပေးပါရန် မုံရွာလူထုသပိတ်တိုက်ပွဲဉီးဆောင်ကော်မတီမှ တိုက်တွန်းအပ်ပါသည်” ဟုထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

ကိုဝေမိုးနိုင်ကို တရားစွဲဆိုထားသည့် ပုဒ်မ ၃၀၂အတွက် တရားလွှတ်တော်ရှေ့နေ ကိုမိုးဇော်ထွန်း ကတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်
ပုဒ်မများကို မုံရွာခရိုင်ရှေ့နေများကွန်ရက်မှ ဥပဒေကြောင်းအရ လိုက်ပါကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း ပါရှိသည်။

​နောက်ရုံးချိန်းကို ​မေလ ၇ ရက်တွင် ချိန်းဆိုထား​ကြောင်းလည်းသတင်းရရှိသည်။
ကို​ဝေမိုးနိုင်အပါအဝင် ၃၈ ဦးကိုရဲမှူး ခင်သန်းကည တရားလိုပြုလုပ်၍ ပုဒ်မ များစွာဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ထို့အပြင် ဧပြီ ၂၃ ရက်ကရုံးထုတ်ရာတွင်
အသက်မပြည့်သေး​သော လူငယ် ​လေးဦးကိုကလေးသူငယ်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ၊ရုံးရှေ့တင်ပို့တရားစွဲသူ တရားခံစုစု​​ပေါင်းမှာ ၄၂ဦး ရှိသည်။

Public Service Announcement

Public Service Announcement

တရားစွဲဆိုစဥ် ဖမ်းဆီးရမိခြင်းမရှိသေးသူများကိုလည်း တရားခံပြေးအမှုဖြင့် တရားစွဲဆိုထားသည်ဟုဆိုသည်။

မုံရွာမြို့မှ ဆန္ဒပြ​ခေါင်း​ဆောင် ကို​ဝေမိုးနိုင်ကို ဧပြီ ၁၅ ရက်က စစ်​ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် အိမ်စီးကားကို အသုံးပြု၍ ဆိုင်ကယ်ဖြင့်ဆန္ဒပြ​နေ​သည့်ကို​​ဝေမိုးနိုင်ကို ဝင်တိုက်ကာဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

နေ့စဥ်လူငယ်အများအပြားကို ဖမ်းဆီးပေါ်တာဆွဲနေတဲ့ မုံရွာမြို့ပေါ်မှာ လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းကာ ပေါ်တာဆွဲသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။

Facebook