Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်နဲ့ တရုတ် စစ်သင်္ဘောတွေ တိုက်မိလုနီးပါးဖြစ်ခဲ့

တရုတ်နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးတွေဟာ ရှန်ဂရီလာ အစည်းအဝေးမှာ သီးခြားတွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ညှိနှိုင်းပေမယ့် မအောင်မြင်ခဲ့တာကလည်း နှစ်နိုင်ငံကြား စစ်ရေး မူဝါဒဆိုင်ရာ တင်းမာမှုတွေ ပိုမို မြင့်တက်လာနေတယ် ဆိုတာကို မြင်သာစေခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ် စစ်သင်္ဘောတွေ တိုက်မိလုနီးပါးဖြစ်ခဲ့
အမေရိကန်နဲ့ တရုတ် စစ်သင်္ဘောတွေ တိုက်မိလုနီးပါးဖြစ်ခဲ့

ရေတပ် သင်္ဘောတွေအချင်းချင်း တိုက်မိလုနီးပါး အခြေအနေထိ ကြုံခဲ့ပြီးတဲ့နောက် အမေရိကန် အနေနဲ့ ရန်စတဲ့ အပြုအမူတွေကို ရှောင်ကြဉ်သင့်နေပြီလို့ တရုတ် ကာကွယ်ရေး ဝန်ကြီးက ပြောကြားသွားခဲ့ပါတယ်။

ဇွန်လ ၄ ရက်က စင်ကာပူ နိုင်ငံမှာ ကျင်းပတဲ့ ရှန်ဂရီလာ ကာကွယ်ရေး ညီလာခံမှာ တရုတ် ကာကွယ်ရေးဝန်ကြီး လီရှန်ဖူက အမေရိကန်အပေါ် အတော်လေး အားပါပြင်းထန်တဲ့ ဝေဖန်မှုတွေ ပါဝင်တဲ့ မိန့်ခွန်းမျိုး ပြောသွားခဲ့တာပါ။ လီက အမေရိကန်နဲ့ မဟာမိတ် NATO အင်အားစုတွေဟာ ကိုယ်ကျိုးတစ်ခုတည်းကို ရှေ့ရှုပြီး အာရှ-ပစိဖိတ် ဒေသမှာ ဩဇာ လွှမ်းမိုး ထူထောင်ဖို့ ကြိုးစားနေကြောင်း၊ ဒီအခြေအနေက ဒေသတစ်ခုလုံးရဲ့ တည်ငြိမ်မှုကို ထိခိုက်လာစေနိုင်ကြောင်း ဝေဖန်ခဲ့ပါတယ်။

ရှန်ဂရီလာ ညီလာခံမှာပဲ ဇွန်လ ၃ ရက်တုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လွိုက်ဒ် အော်စတင်ကလည်း တရုတ်သာ ထိုင်ဝမ်ကျွန်းကို စစ်အင်အားသုံး တိုက်ခိုက် သိမ်းပိုက်ခဲ့မယ်ဆိုရင် အကြီးအကျယ် ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်သလို ကမ္ဘာ့စီးပွားရေး ကဏ္ဍကလည်း မတွေးရဲလောက်စရာ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အစောပိုင်းတုန်းက အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် စစ်ရေးကွပ်ကဲမှု ဌာနချုပ်က ထိုင်ဝမ် ရေလက်ကြားမှာ အမေရိကန်နဲ့ ကနေဒါ ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်နေတဲ့အချိန် တရုတ် ဖျက်သင်္ဘော တစ်စီးက အမေရိကန်ရဲ့ USS Chung-Hoon စစ်သင်္ဘောကို အတင်းဝင်နှောင့်ယှက်ခဲ့တာကြောင့် ရေယာဉ်နှစ်စီး တိုက်မိလုနီးပါး ဖြစ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

USS Chung-Hoonဟာ အမြန်နှုန်းကို လျှော့ချပြီး သင်္ဘောချင်း မတိုက်မိအောင် ရှောင်ရှားခဲ့ရတယ်လို့ အမေရိကန်က ဆိုပါတယ်။ ကနေဒါ ရေတပ်ကလည်း အဲဒီဖြစ်စဉ်ကို မှတ်တမ်းတင်ထားခဲ့ပြီး တရုတ် သင်္ဘောဟာ ပရော်ဖက်ရှင်နယ် မပီသတဲ့ လုပ်ရပ်မျိုးကို ပြုမူခဲ့တယ်လို့ စွပ်စွဲသွားပါတယ်။

အခုသီတင်းပတ်ကုန်မှာ ရေတပ်ချင်း ငြိခဲ့တဲ့ ကိစ္စဟာ အန္တရာယ် များလွန်းပြီး မတော်တဆသာ သင်္ဘောတွေ တိုက်မိခဲ့ရင် ထိခိုက်မှုတွေ အရမ်းကြီးမားသွားနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်ကလည်း ဝေဖန်ခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးတွေဟာ ရှန်ဂရီလာ အစည်းအဝေးမှာ သီးခြားတွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ညှိနှိုင်းပေမယ့် မအောင်မြင်ခဲ့တာကလည်း နှစ်နိုင်ငံကြား စစ်ရေး မူဝါဒဆိုင်ရာ တင်းမာမှုတွေ ပိုမို မြင့်တက်လာနေတယ် ဆိုတာကို မြင်သာစေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။