Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်တွင် စစ်ကောင်စီရိက္ခာသယ်ယာဥ်တန်းအား ပစ်ခတ်တိုက်ခိုက်

မိုင်းဆွဲတိုက်ခိုက်မှုအား မြိုင်ပကဖ တပ်ရင်း(၁) ခွဲ(၁) ၊ကမ္မကာကွယ်ရေးတပ်ဖွဲ့(KMDF) ၊ တပ်ရင်း (၁) ၊တပ်ခွဲ (၂)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်ကောင်စီ​၏ ရိက္ခာသယ်ယာဉ်တန်းအား ပြည်သူ့ရဲဘော်များ တိုက်ခိုက်နေစဉ်)
(စစ်ကောင်စီ​၏ ရိက္ခာသယ်ယာဉ်တန်းအား ပြည်သူ့ရဲဘော်များ တိုက်ခိုက်နေစဉ်)

မကွေးတိုင်း၊ ပေါက်မြို့မှ စစ်ကောင်စီ​၏ ရိက္ခာသယ်ယာဥ်တန်းအား အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ပြောသည်။

ယမန်နေ့ (ဇွန်လ ၅ရက်) နံနက် ၁၀နာရီခန့်က ပေါက်မြို့မှ ရိက္ခာသယ်လာသော ယာဉ်တန်းနှင့် လုံခြုံရေးလိုက်ပါလာသော ဆိုင်ကယ်များအား လယ်လမ်းနှင့် သရဖီကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ အနီးကပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၁၃ဦး သေဆုံးကြောင်း မြိုင်(ပကဖ)က ပြောသည်။

ထို့အပြင် ကားအချို့​၏ ဘီးများအားပစ်ဖောက် တိုက်ခိုက်ခဲ့ကြောင်းလည်း မြိုင်(ပကဖ) ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

“သူတို့တွေက သေနတ်တွေနဲ့ဘေးကနေ ဆိုင်ကယ်နဲ့လိုက်တာ။ ဝပ်နေတဲ့ ကျွန်တော်တို့အဖွဲ့တွေက တက်ပစ်တာ။ ကား ၁၆စီးလောက်က ဒရိုင်ဘာတွေက ဆင်းပြေးတယ်။ ပျူတွေက ပြန်ခံပစ်တယ်။ ၁၃ ယောက်က နေရာမှာတင် ပွဲချင်းပြီးပဲ။ မနေ့ကည​ကမှောင်မှ အလောင်းလာကောက်သွားတယ်။”ဟု မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယမန်နေ့ညတွင် အလောင်းလာကောက်ခြင်း၊ ထိခိုက်ပျက်စီးသည့်ကားများအား လာရောက်သယ်ယူခြင်းများ ပြုလုပ်ပြီး ပေါက်နှင့်ပခုက္ကူမြို့နယ်ဘက်သို့ ထွက်ခွာသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement
Public Service Announcement

မြိုင်ပကဖ ကထုတ်ပြန်​သောရုပ်သံမှတ်တမ်းတွင် ရိက္ခာတင်လာ​သောယာဥ်တန်းကို PDFများက အနီးကပ်လိုက်လံတိုက်ခိုက်​သည်ကိြ​တွေ့ရသည်။ထို့အပြင် လက်နက်သွားကောက်သော ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး စိုးရိမ်ရသည့်အ​ခြေအနေရှိကြောင်း၊ စစ်ကောင်စီတပ်မှ အင်အားများ၍ လက်နက်များကောက်ယူနိုင်မှု မရှိကြောင်း လည်း အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုအား မြိုင်(ပကဖ)တပ်ရင်း-၁ သည် ပေါက်ဗိုလ်တစ္ဆေအဖွဲ့နှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယမန်နေ့ (ဇွန်လ ၅ ရက်) နံနက် ၈နာရီခွဲခန့်ကလည်း အဆိုပါ ယာဉ်တန်းအတွက် ကင်းယူလာသော စစ်သားနှင့်ပျူများပါသော ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်သားနှင့်ပျူများ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ) ကဆိုသည်။ သို့သော် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

မိုင်းဆွဲတိုက်ခိုက်မှုအား မြိုင်ပကဖ တပ်ရင်း(၁) ခွဲ(၁) ၊ကမ္မကာကွယ်ရေးတပ်ဖွဲ့(KMDF) ၊ တပ်ရင်း (၁) ၊တပ်ခွဲ (၂)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ထောက်ရှာပင်ကျေးရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်စီးနင်း မီးရှို့ခဲ့ရာ နေအိမ် ၅၀နီးပါးနဲ့ ထရန်စဖော်မာတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူပို့မယ့် စစ်တပ်ယာဉ်တန်းတွေ ပေါက်နဲ့ ဆောမြို့နယ်ကြားကို ရောက်လာပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။