Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းတောင်ပိုင်းမှာ ဆည်ကျိုးပေါက်မှုကြောင့် လူပေါင်း ထောင်နဲ့ချီ အရေးပေါ် ရွှေ့ပြောင်း

ကျိုးပေါက်မှု ဖြစ်ပွားရာ ဆည်အောက်ခြေ ဒေသတွေမှာ မြို့ငယ်တွေနဲ့ ကျေးရွာတွေ တော်တော်များများ ရှိနေပါတယ်။ ဆည်ကျိုးပေါက်မှုဟာ သွေးရိုးသားရိုး မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှု တစ်ခုအဖြစ် ရုရှားနဲ့ ယူကရိန်းက အပြန်အလှန် စွပ်စွဲ အပြစ်တင်နေကြပါတယ်။

ယူကရိန်းတောင်ပိုင်းမှာ ဆည်ကျိုးပေါက်မှုကြောင့် လူပေါင်း ထောင်နဲ့ချီ အရေးပေါ် ရွှေ့ပြောင်း
ယူကရိန်းတောင်ပိုင်းမှာ ဆည်ကျိုးပေါက်မှုကြောင့် လူပေါင်း ထောင်နဲ့ချီ အရေးပေါ် ရွှေ့ပြောင်း

ယူကရိန်းနိုင်ငံ တောင်ပိုင်းမှာ ဆည်ကျိုးပေါက်မှုကြီး တစ်ခု ဖြစ်ပွားပြီး ဆည်အောက်ပိုင်း ဧရိယာတွေကို ရေလွှမ်းမိုးခဲ့တာကြောင့် ဒေသခံ ထောင်နဲ့ချီ အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။

ခါဆွန်ပြည်နယ်ထဲက ရုရှားတပ်တွေ ထိန်းချုပ်ထားရာ ဒေသမှာရှိပြီး ဆိုဗီယက်ခေတ် ကတည်းက တည်ဆောက်ထားတဲ့ နိုဗာ ခါခိုဗာ ဆည်ကြီးမှာ တမံကျိုးပေါက်ပြီး ရေတွေ အလုံးအရင်း ယိုစီးထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဆည်ကြီးဟာ ခရိုင်းမီးယား ကျွန်းဆွယ်ကို ရေပေးဝေဖို့နဲ့ ဇာပိုရစ်ဇီရာမှာရှိတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးကို အအေးပေးစနစ် ထောက်ပံ့ဖို့ အထူးအရေးပါတဲ့ အခြေခံ အဆောက်အအုံ တစ်ခုလည်း ဖြစ်ပါတယ်။ ခရိုင်းမီးယား ကျွန်းဆွယ်ရော၊ ဇာပိုရစ်ဇီရာ ဓာတ်အားပေး စက်ရုံပါ လောလောဆယ် ရုရှား ထိန်းချုပ်မှုအောက်ကို ကျရောက်နေပါတယ်။

ကျိုးပေါက်မှု ဖြစ်ပွားရာ ဆည်အောက်ခြေ ဒေသတွေမှာ မြို့ငယ်တွေနဲ့ ကျေးရွာတွေ တော်တော်များများ ရှိနေပါတယ်။ ဆည်ကျိုးပေါက်မှုဟာ သွေးရိုးသားရိုး မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှု တစ်ခုအဖြစ် ရုရှားနဲ့ ယူကရိန်းက အပြန်အလှန် စွပ်စွဲ အပြစ်တင်နေကြပါတယ်။

ယူကရိန်းက ရုရှားတပ်တွေဟာ အချိန်မရွေး ကြုံလာနိုင်တဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို ကြောက်ရွံ့လို့ သွေးရူးသွေးတမ်း လုပ်ရပ်အနေနဲ့ ဆည်ကြီးကို ဖောက်ချခဲ့တာလို့ ပြောပါတယ်။ ရုရှားကလည်း နိုင်ငံ အရှေ့ပိုင်းမှာ ယူကရိန်း အကောင်အထည် ဖော်ခဲ့တဲ့ တန်ပြန်ထိုးစစ် မအောင်မြင်တာကို အာရုံလွှဲဖို့အတွက် အဲဒီ ဆည်ကြီးကို ယူကရိန်းက ဒုံးကျည်တွေနဲ့ ပစ်ခတ် ဖျက်ဆီးခဲ့တာလို့ တုံ့ပြန်ပါတယ်။ နှစ်ဖက်စလုံးက စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ သက်သေပြနိုင်တဲ့ အထောက်အထားတော့ မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

ဆည်ကျိုးပေါက်မှုနဲ့ ဆက်စပ်ပြီး ဇာပိုရစ်ဇီရာ နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ လောလောဆယ် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ တစ်ခုခု ပေါ်ပေါက်လာတာမျိုး မရှိသေးပေမယ့် အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)က ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။