Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်

ဇွန်လဆန်းပိုင်းကစ၍မိုးဗြဲမြို့တွင်သို့အကြမ်းဖက်စစ်ကောင်စီမှ PNO ပြည်သူ့စစ် နှင့်ပူးပေါင်းကာအင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိပ်တိုက်ထိတွေ့မှုများမကြာခဏ ဖြစ်ပွားနေသည်။

(မိုးဗြဲ မြို့ကို Google MP တွင်​တွေ့ရစဥ်)
(မိုးဗြဲ မြို့ကို Google MP တွင်​တွေ့ရစဥ်)

ရှမ်း-ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့၌ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF တပ်ရင်း(၃ )က ပြောသည်။

ယနေ့ နံနက်ပိုင်းကစ၍ မိုးဗြဲ မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီကို ကရင်နီပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“မနေ့ကလဲ တိုက်ပွဲရှိခဲ့တယ်။ဒီနေ့ မနက်ဆက် ဖြစ်နေတာပေါ့။နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်။လော လောဆယ်ဒီလောက်ပဲ ပြောနိုင်ဦးမယ်ဗျ”ဟု မိုးဗြဲ မြို့ခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြော သည်။

လက်ရှိတိုက်ပွဲအခြေအနေကြောင့် ပြည်သူများအနေဖြင့်မိုးဗြဲ မြို့နှင့်ဆက်စပ်၍အသွားအလာရှောင်ရှားပေးပါရန် KNDF တပ်ရင်း ၃ က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဇွန်လဆန်းပိုင်းကစ၍မိုးဗြဲမြို့တွင်သို့အကြမ်းဖက်စစ်ကောင်စီမှ PNO ပြည်သူ့စစ် နှင့်ပူးပေါင်းကာအင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိပ်တိုက်ထိတွေ့မှုများမကြာခဏ ဖြစ်ပွားနေသည်။

အင်အာ (၄၀၀) ခန့်ပါရှိသည်ဆိုသော စစ်ကောင်စီတပ် မှာ မိုးဗြဲ မြို့စည်ကား ၂ ရပ်ကွက်တွင် တပ်စွဲထား သည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲများတွင်စစ်ကောင်စီတပ်မှလက်နက်ကြီးများအဆမတန် ပစ်ခတ်လာမှုများကြောင့် အပြစ်မဲ့ပြည်သူလူထုသေဆုံးမှုများရှိနေသည်။

အလားတူစစ်ကောင်စီတပ်ဝင်ရောက်တပ်စွဲထားသည့် စည်ကား ၂ ရပ်ကွက်၌ အရပ်သား ပြည်သူ ငါးဦး ကို အကြောင်းမဲ့ပစ်သတ်ထားပြီးထိုအနက် မိန်း ကလေးငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားများက အဓ္ဓပြုကျင့်ခဲ့သည်။

နှစ်ပတ်အတွင်း(ယနေ့အထိ) မိုးဗြဲ မြို့နေ ပြည်သူ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၅ ဦး သေဆုံးထားကာ အသက်မပြည့်သေးသည့်ကလေးငယ် (၃) ဦး ပါဝင်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မိုးဗြဲမြို့သည် စစ်ရေးအရသော်လည်းကောင်း၊ မည်သည့်အရသော် လည်းကောင်း အစိုးမရ​ေသာအခြေအနေတွင် တည် ရှိနေပါသဖြင့် လုံခြုံရေးကို အထူးဂရုပြုပေးရန်နှင့် ဒေသခံကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ကြေငြာချက်များကို တသွေမသိမ်းလိုက်နာပေးနိုင်ကြပါရန် မိုးဗြဲ PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook