Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်

ဇွန်လဆန်းပိုင်းကစ၍မိုးဗြဲမြို့တွင်သို့အကြမ်းဖက်စစ်ကောင်စီမှ PNO ပြည်သူ့စစ် နှင့်ပူးပေါင်းကာအင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိပ်တိုက်ထိတွေ့မှုများမကြာခဏ ဖြစ်ပွားနေသည်။

(မိုးဗြဲ မြို့ကို Google MP တွင်​တွေ့ရစဥ်)
(မိုးဗြဲ မြို့ကို Google MP တွင်​တွေ့ရစဥ်)

ရှမ်း-ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့၌ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF တပ်ရင်း(၃ )က ပြောသည်။

ယနေ့ နံနက်ပိုင်းကစ၍ မိုးဗြဲ မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီကို ကရင်နီပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“မနေ့ကလဲ တိုက်ပွဲရှိခဲ့တယ်။ဒီနေ့ မနက်ဆက် ဖြစ်နေတာပေါ့။နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်။လော လောဆယ်ဒီလောက်ပဲ ပြောနိုင်ဦးမယ်ဗျ”ဟု မိုးဗြဲ မြို့ခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြော သည်။

လက်ရှိတိုက်ပွဲအခြေအနေကြောင့် ပြည်သူများအနေဖြင့်မိုးဗြဲ မြို့နှင့်ဆက်စပ်၍အသွားအလာရှောင်ရှားပေးပါရန် KNDF တပ်ရင်း ၃ က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဇွန်လဆန်းပိုင်းကစ၍မိုးဗြဲမြို့တွင်သို့အကြမ်းဖက်စစ်ကောင်စီမှ PNO ပြည်သူ့စစ် နှင့်ပူးပေါင်းကာအင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိပ်တိုက်ထိတွေ့မှုများမကြာခဏ ဖြစ်ပွားနေသည်။

အင်အာ (၄၀၀) ခန့်ပါရှိသည်ဆိုသော စစ်ကောင်စီတပ် မှာ မိုးဗြဲ မြို့စည်ကား ၂ ရပ်ကွက်တွင် တပ်စွဲထား သည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲများတွင်စစ်ကောင်စီတပ်မှလက်နက်ကြီးများအဆမတန် ပစ်ခတ်လာမှုများကြောင့် အပြစ်မဲ့ပြည်သူလူထုသေဆုံးမှုများရှိနေသည်။

အလားတူစစ်ကောင်စီတပ်ဝင်ရောက်တပ်စွဲထားသည့် စည်ကား ၂ ရပ်ကွက်၌ အရပ်သား ပြည်သူ ငါးဦး ကို အကြောင်းမဲ့ပစ်သတ်ထားပြီးထိုအနက် မိန်း ကလေးငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားများက အဓ္ဓပြုကျင့်ခဲ့သည်။

နှစ်ပတ်အတွင်း(ယနေ့အထိ) မိုးဗြဲ မြို့နေ ပြည်သူ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၅ ဦး သေဆုံးထားကာ အသက်မပြည့်သေးသည့်ကလေးငယ် (၃) ဦး ပါဝင်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မိုးဗြဲမြို့သည် စစ်ရေးအရသော်လည်းကောင်း၊ မည်သည့်အရသော် လည်းကောင်း အစိုးမရ​ေသာအခြေအနေတွင် တည် ရှိနေပါသဖြင့် လုံခြုံရေးကို အထူးဂရုပြုပေးရန်နှင့် ဒေသခံကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ကြေငြာချက်များကို တသွေမသိမ်းလိုက်နာပေးနိုင်ကြပါရန် မိုးဗြဲ PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။