Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူလေးဦး သတ်ဖြတ်

မိုးဗြဲမြို့အတွင်း နယ်မြေရှင်းလင်းစဥ် စည်ကား (၂)ရပ်ကွက်၌ အရပ်သားညီအကိုနှစ်ဦး၏ အလောင်း တွေ့ရှိခဲ့ခြင်းဟု ဆိုသည်။

(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - Myingyan Citizen Journalist)
(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - Myingyan Citizen Journalist)

ရှမ်း – ကယား(ကရင်နီ)ပြည်နယ်အစပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်ထားသည့် အရပ်သား ညီအကိုနှစ်ဦး၏ရုပ်အလောင်းတွေ့ရှိပြီး ၎င်းတို့ တပ်စွဲထားသည့်နေရာအနီး၌ သားအဖနှစ်ဦးကိုပါ သတ်ဖြတ်ထားကြောင်း မိုးဗြဲဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

မိုးဗြဲမြို့အတွင်း နယ်မြေရှင်းလင်းစဥ် စည်ကား (၂)ရပ်ကွက်၌ အရပ်သားညီအကိုနှစ်ဦး၏ အလောင်း တွေ့ရှိခဲ့ခြင်းဟု ဆိုသည်။

“၆ ရက်နေ့ကတည်းက ပိတ်မိပြီးကျန်ခဲ့တာ။ဒီနေ့မှ အလောင်းပြန်ရတာ”ဟု မိုးဗြဲလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ထို့အတူ လက်ရှိ စစ်ကောင်စီတပ်စွဲထားသည့် စည်ကား (၂)ရပ်ကွက်ရှိ လယ်တီဘုန်းကြီး ကျောင်းနှင့် လင်္ကာရကျောင်း၌ တပ်စွဲထားသည်။

Public Service Announcement

Public Service Announcement

“မနေ့ကလည်း စည်းကား(၁)ရပ်ကွက်မှာနေတဲ့ သားအဖနှစ်ဦးကို လင်္ကာရကျောင်းတောင့်နားမှာ သတ်ဖြတ်ပြီး အလောင်းထား ထားတယ်”ဟု မိုးဗြဲ PDFတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများတွင် စစ်ဘေးရှောင်ပြည်သူများကို ဓားစာခံ အဖြစ် ဖမ်းဆီးထားသည့်အတွက် တိုက်ပွဲဖော်ဆောင်ရန် ခက်ခဲနေဆဲဟု ၎င်းက ဆိုသည်။

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့ တွင်းသို့ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အင်အား ၄၀၀ ခန့်ဖြင့် ထိုးစစ်ဆင်တပ်စွဲထားပြီး အရပ်သားပြည်သူ ၂၀ဦးထက်မနည်း ဖမ်းဆီးထားကြောင်း မိုးဗြဲ PDFတာဝန်ရှိသူက လူထုနွေဦးသို့ ပြောထားသည်။

ယခုလဆန်းပိုင်းကစ၍ မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုအကြိမ် (၁၀၀) ထက်မနည်း ပြုလုပ်ခဲ့ပြီးနောက် ဇွန်လ၅ ရက်ကစ၍ မိုးဗြဲမြို့ စည်ကား(၂)ရပ်ကွက် ဘုန်းကြီး ကျောင်းအတွင်းသို့ စစ်ကောင်စီက ဝင်ရောက်တပ်စွဲခဲ့ ခြင်းဖြစ်သည်။

၎င်းတို့ ထိုးစစ်ဆင်မှုမတိုင်မီ မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှု အကြိမ်(၁၀၀)ထက်မနည်း ပြုလုပ်ခဲ့ပြီး ၎င်းလက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ‌ခြောက်ဦးမှာ သေဆုံးခဲ့ရသည်။

(၃)နှစ်ခွဲအရွယ်နှင့် (၁၂)နှစ်အရွယ် ကလေးနှစ်ဦး ပါဝင်ခဲ့သည်။ လက်နက်ကြီးကြောင့် နေအိမ်နှင့် ဈေးဆိုင်ခန်း ၁၅ခန်းထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။

ထို့ကြောင့် မိုးဗြဲမြို့တွင်းနေထိုင်သော ပြည်သူများအနေဖြင့် လုံခြုံစွာ သွားလာနေထိုင်ကြရန် KNDF က တိုက်တွန်းထားသည်။

ထို့အတူ တိုက်ပွဲတွင်းလိုအပ်သော လက်နက်ခဲယမ်းများကို ပါဝင်ကူညီလိုပါက သက်ဆိုင်ရာထောက်ပို့ဆီမှသော်လည်းကောင်း ၎င်း၏ Page chatbox မှသော် လည်းကောင်း ဆက်သွယ်ပါဝင်နိုင်ကြောင်း KNDF တပ်ရင်း(၃)က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့