Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ် ၁၀ ရက်ကြာတိုက်ပွဲ စစ်တပ်မှ အရာရှိအပါအဝင် ၂၇ ဦး​သေ၊ လက်နက်ခဲယမ်းများကရင်နီတပ်များရရှိ

စစ်ကောင်စီ၏ အမှတ် (၇) စစ်အခြေခံ လေ့ကျင့်ရေးတပ်အပါအဝင် တပ်မ (၆၆) လက်အောက်ခံတပ်ရင်းများက ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ ခေါင်းအိကျေးရွာ နှင့် စက်တော်ကျေးရွာသို့ ရက်ရှည်လများ ထိုးစစ်ဆင်လာခဲ့ခြင်းဟု ဆိုသည်။

(ကရင်နီပူး​ပေါင်းတပ်ကသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့နှင့် တိုက်ပွဲဝင်​နေ​သော ဖယ်ခုံPDF တက်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ- PDF-Pekhon)
(ကရင်နီပူး​ပေါင်းတပ်ကသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့နှင့် တိုက်ပွဲဝင်​နေ​သော ဖယ်ခုံPDF တက်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ- PDF-Pekhon)

ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့နယ်တွင် ၁၀ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၂၇ ဦးသေဆုံးကာ လက်နက်များနှင့် ခဲယမ်းများစွာသိမ်းဆည်းရမိ​ကြောင်း PDF – ဖယ်ခုံက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ၏ အမှတ် (၇) စစ်အခြေခံ လေ့ကျင့်ရေးတပ်အပါအဝင် တပ်မ (၆၆) လက်အောက်ခံတပ်ရင်းများက ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ ခေါင်းအိကျေးရွာ နှင့် စက်တော်ကျေးရွာသို့ ရက်ရှည်လများ ထိုးစစ်ဆင်လာခဲ့ခြင်းဟု ဆိုသည်။

ထိုသို့ ထိုးစစ်ဆင်လာမှုကို ဇွန်လ ၃ ရက်မှဇွန် ၁၃ ရက်နေ့အထိPDF – Pekhon တပ်ရင်းအမှတ် (၁၀၀၂) နှင့်အတူ LKPDF၊DMO-PDFs၊ (1101, 1102, 1106, 1107 တို့၏) ပူပေါင်းစစ်ကြောင်း MBPDF 1007၊ 1009၊1008၊ 1005 ပူးပေါင်းစစ် ကြောင်းKRU နှင့် KNDF တို့က ပြန်လှန်ခုခံ တိုက်ခိုက်ခဲ့ကြောင်းအသိပေးသည်။

“နေ့စဥ်နဲ့အမျှ တိုက်ပွဲက ဖြစ်ခဲ့တာ။တိုက်ပွဲ ပြင်းထန်တယ်လို့ ပြောလို့ရတယ်။အခုလက်ရှိလည်း သက် ဆိုင်ရာတပ်ဖွဲ့တွေအလိုက်တာဝန်ယူပြီး တိုက်နေ တုန်းပါပဲ”ဟု PDF – Pekhon တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်းတွင် စစ်ကောင်စီဘက်မှ အရာရှိ (၁) ဦးအပါအဝင် စုစုပေါင်း (၂၇) ဦး သေဆုံးပြီး များစွာထိခိုက်ဒဏ်ရာရခဲ့ကြောင်းဖော်ပြသည်။

ထို့အတူ စစ်ကောင်စီထံမှ MA – 2တစ် လက်၊ MA – 3 တစ် လက်နှင့် ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။

Public Service Announcement
Public Service Announcement

ထိခိုက်​သေဆုံးမှုများသောကြောင့် စစ်ကောင်စီက ဖယ်ခုံ စကခ (၇) နှင့် လက်နက်ကြီး ထိုင်ထားသော ၃၃၆ တပ် ပတ်ဝန်းကျင် တို့မှ (၃)ရက် ဆက်တိုက် လက် နက်ကြီးများ​ဖြင့်အကြိမ်​ရေများစွာပစ်ခတ်ခဲ့သည်။

လက်နက်ကြီးဖြင့်ပစ်​သော​ကြောင့်MBPDF (1007) တပ် ရင်းမှ ရဲဘော်နှစ် ဦးကျဆုံးခဲ့ပြီး ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။