Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်တိုက်ပွဲတွင် လက်နက်ကြီးထိမှန်၍ ရဲဘော်နှစ်ဦးကျဆုံး

တိုက်ပွဲတွင် စနိုက်ဘာရဲဘော် နာတားလက် နှင့် ကျောင်းသားရဲဘော် မောင်ဂျော်နိုင်တို့သည် လက်နက်ကြီးထိမှန်ကာ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားခဲ့ကြောင်း MBPDF တပ်ရင်း (၂)က အသိပေးသည်။

(ခေါင်းအိကျေးရွာ တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦး၏ စျာပနအခမ်အနား ယမန်နေ့က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - MBPDF -B02)
(ခေါင်းအိကျေးရွာ တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦး၏ စျာပနအခမ်အနား ယမန်နေ့က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - MBPDF -B02)

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ် ဖယ်ခုံမြို့နယ် တိုက်ပွဲတွင် လက်နက်ကြီးထိမှန်၍ ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း မိုးဗြဲ PDFတပ်ရင်း (၂)က ပြောသည်။

ဖယ်ခုံမြို့နယ် ခေါင်းအိ ကျေးရွာတွင် ဇွန်လ ၁၀ ရက်တွင် ကရင်နီပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှ ကျဆုံးခဲ့ခြင်းဟု ဆို သည်။

တိုက်ပွဲတွင် စနိုက်ဘာရဲဘော် နာတားလက် နှင့် ကျောင်းသားရဲဘော် မောင်ဂျော်နိုင်တို့သည် လက်နက်ကြီးထိမှန်ကာ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားခဲ့ကြောင်း MBPDF တပ်ရင်း (၂)က အသိပေးသည်။

(ခေါင်းအိကျေးရွာ တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦး၏ စျာပနအခမ်အနား ယမန်နေ့က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - MBPDF -B02)
(ခေါင်းအိကျေးရွာ တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦး၏ စျာပနအခမ်အနား ယမန်နေ့က ပြုလုပ်နေစဉ်။ ဓာတ်ပုံ – MBPDF -B02)

တိုက်ပွဲတိုင်းတွင် ရွှံ့ရွှံ့ချွန်ချွန်ပါဝင်တိုက်ခိုက် သောရဲဘော်များဖြစ်ပြီး ကြီးမားသောပေးဆပ်မှုတစ်ရပ်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“၁၀ရက်နေ့ တိုက်ပွဲမှာ ရဲဘော်နှစ်ဦးကျသွားတယ်။ခြောက်ဦးဒဏ်ရာရတယ်။အဓိကတော့ လက်နက်ကြီး ကျည်ကြောင့်ပါပဲ။နောက်တစ်ခုက သူတို့ဘက်က အရင်လို လက်နက်ကြီးကို တစ်လုံးနှစ်လုံးဆိုတာမျိုးမဟုတ်တော့ပဲ ဆယ်နဲ့ချီ ရာနဲ့ချီသုံးလာတာလဲပါတယ်”ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ခေါင်းအိကျေးရွာ တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦး၏ စျာပနအခမ်အနား ယမန်နေ့က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - MBPDF -B02)
(ခေါင်းအိကျေးရွာ တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦး၏ စျာပနအခမ်အနား ယမန်နေ့က ပြုလုပ်နေစဉ်။ ဓာတ်ပုံ – MBPDF -B02)

ယမန်နေ့ကလည်း ရှမ်း- ကရင်နီဒေသအစပ် မိုးဗြဲ မြို့တွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်းသေဆုံးကာ ရဲဘော်လေးဦးကျဆုံးခဲ့ရသည်။

Public Service Announcement
Public Service Announcement

“ဖယ်ခုံနဲ့ မိုးဗြဲ ကို စကစဘက်က လိုချင်နေပြီ။အဓိကတော့ ရှမ်းအခြေစိုက် စကစတပ်ရင်းတွေအနေနဲ့ ကရင်နီကို လာတိုက်ရင် ရိက္ခာ၊လူ ၊လက်နက်ခဲယမ်း အစရှိသဖြင့် လွယ်ကူသွားမယ့်နေရာမျိုးကို။ဒါကြောင့် ဖယ်ခုံ ရော မိုးဗြဲ မှာပါမြို့အတွင်းထဲကို စကစက စစ်ခေါ်နေတယ်”ဟု ကရင်နီဒေသစစ်ရေးသတင်းရင်းမြစ် က ပြောသည်။

(ခေါင်းအိကျေးရွာ တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦး၏ စျာပနအခမ်အနား ယမန်နေ့က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - MBPDF -B02)
(ခေါင်းအိကျေးရွာ တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦး၏ စျာပနအခမ်အနား ယမန်နေ့က ပြုလုပ်နေစဉ်။ ဓာတ်ပုံ – MBPDF -B02)

ထို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း(မိုင်းဆတ်) အခြေ စိုက် (စစ်ဒေသကွပ်ကဲမှု ဌာနချုပ်)စကခ ၁၄ လက်အောက်ခံ တပ်ရင်းများ(တစ်ဗျူဟာ)ကို ကရင်နီစစ်ဒေသသို့ ပို့ဆောင်ရန်ပြင်ဆင်နေကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးတိုက်ပွဲဟာ တပတ်ဝန်းကျင်ကြာ ရပ်တန့်နေခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က မြေပြင်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေပြန်စဖြစ်နေတယ်လို့ မြေပြင်သတင်း ရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းက သေဆုံးရုပ်အလောင်းတွေထားပြီး ဆုတ်ခွာသွားတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမြို့တောင်ဘက်ခြမ်းကို စစ်တပ်က လေကြောင်းက ဗုံးကြဲနေတယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲသုံးရက်အတွင်း စစ်တပ်က သေဆုံးသူနဲ့ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။