Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်နှင့်​ကျောက်ထုကြား စစ်​ကောင်စီတပ်ယာဥ်တန်းတိုက်ခိုက်ခံရစဥ် စစ်တပ်က​လေ​ကြောင်းမှစစ်​ကူ​ပေး

စစ်ကောင်စီယာဥ်တန်းတွင်ခုနှစ်စီးတွင် ထောက်ပို့ပစ္စည်းများတင်ဆောင်လာပြီးနှစ်စီးတွင် စစ်ကောင်စီ အရာရှိအချို့လည်းလိုက်ပါလာသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတင်းရရှိထားသည်။

( မင်းတပ် ၊​ကျောက်ထု နှင့် ချင်း-မ​ကွေး နယ်စပ်​ဒေသများကို Google Map တွင်​တွေ့ရမှု ။ စစ်​ကောင်စီတပ်က ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK-130 ​လေယာဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

မင်းတပ်နှင့်ကျောက်ထုမြို့ကြားသို့ရောက်နေသော စစ်ကောင်စီယာဉ်တန်းနှင့်ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် လာရောက် တိုက်ခိုက်သွားကြောင်း ​ဒေသခံ​ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက​ပြောသည်။

“ဂျက်ဖိုက်တာနှစ်စီးနဲ့လာပစ်တာပါ။ မြေပြင်အခြေအနေကို မသိရသေးပါဘူး” ဟုကျောက်ထုမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီရိက္ခာတင်ကား ၉ စီးနှင့် အင်အား ၂၀၀ ကျော် လုံခြုံရေးယူထားသော စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (ဇွန်လ ၂၆ရက်) နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။ မြေပြင်တွင် ပိတ်မိနေစဉ် စစ်ကောင်စီတပ်က နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဂျက်ဖိုက်တာ ဖြင့် ဗုံးကြဲသွားသည်ဟု မင်းတပ်CDF မှ ရဲဘော်တစ်ဦးကလည်း အတည်ပြုသည် ။တိုက်ပွဲနှင့် ​​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့်ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

( မင်းတပ် ၊​ကျောက်ထု နှင့် ချင်း-မ​ကွေး နယ်စပ်​ဒေသများကို Google Map တွင်​တွေ့ရမှု ။ စစ်​ကောင်စီတပ်က ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK-130 ​လေယာဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
( မင်းတပ် ၊​ကျောက်ထု နှင့် ချင်း-မ​ကွေး နယ်စပ်​ဒေသများကို Google Map တွင်​တွေ့ရမှု ။ စစ်​ကောင်စီတပ်က ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK-130 ​လေယာဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

ယ​နေ့(ဇွန် ၂၆ )နံနက်ပိုင်းတွင် ​တံတားဦး ၊​နေပြည်​တော် ၊​တောင်ငူ ၊နန့်ဆန်မှ ဂျက်တိုက်​လေယာဥ်များဆက်တိုက်ပျံသန်း​နေသည်ကို စစ်တပ်​လေ​ကြောင်း​စောင့်ကြည့်​ရေးသတင်းရင်းမြစ်များမှ သိရသည်။

Public Service Announcement

Public Service Announcement

တံတားဦး​လေတပ်မှ အ​နောက်​မြောက်ဖက်အရပ်သို့ ဂျက်ဖိုက်တာ ၁ စင်းမှာ ၉ နာရီ ၂၃ မိနစ်တွင်ပျံသန်းသလို ၊ ၁၀ နာရီ ၄၉ မိနစ်တွင် တစ်စင်း ၊ ၁၁ နာရီ ၂၇ မိနစ်တွင် ၂ စင်း ဆက်လက်ပျံသန်း​ကြောင်း Enemy Air Route ချန်နယ်က​ဖော်ပြထားသည်။

ထိုအပြင် တံတားဦး​လေတပ်မှ ပင် ​မြောက်ဘက်သို့ တိုက်​လေယာဥ်တစ်စီး၉ နာရီ ၃၆ မိနစ်တွင် ၂ စင်း ပျံတက်သွားသည်။

ပခုက္ကူမှ ထွက်လာသော အဆိုပါစစ်ကောင်စီယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းသည် ကျောက်ထုမြို့နယ်သို့ ဇွန်လ ၂၀ ရက်တွင် ရောက်ရှိလာခြင်းဖြစ်သည်။ ယနေ့တွင် ထီးလင်းမြို့ဖက်သို့ ဆက်လက်ဦးတည်နေစဉ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း​ဖြစ်​ကြောင်းသိရသည်။

စစ်ကောင်စီယာဥ်တန်းတွင်ခုနှစ်စီးတွင် ထောက်ပို့ပစ္စည်းများတင်ဆောင်လာပြီးနှစ်စီးတွင် စစ်ကောင်စီ အရာရှိအချို့လည်းလိုက်ပါလာသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတင်းရရှိထားသည်။

လတ်တလောတွင် ကျောက်ထု-ထီးလင်းလမ်းပိုင်း၌ ‌လမ်းတလျောက်ဒေသခံများ သတိရှိကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့