Connect with us

Hi, what are you looking for?

သတင်း

ဆဒုံး – ကန်ပိုက်တီ စစ်ကောင်စီတပ်နှင့် နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်နေဟု KIA ပြော

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးပေ။ KIA အနေဖြင့် တိုက်ပွဲ၌ ထိခိုက်ကျဆုံးအခြေအနေများနှင့်ပတ်သက်ပြီး ပုံမှန်အခြေအနေများ၌ အသိပေးလေ့မရှိပေ။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားများ စစ်မြေပြင်တစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားများ စစ်မြေပြင်တစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံး – ကန်ပိုက်တီလမ်း၌ ဇွန်လနောက်လနောက်ဆုံးပတ်ကစ၍ တိုက်ပွဲများနေစဉ်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ပြောကြားသည်။

ဇွန်လ ၂၆ရက်မှစ၍ နေ့တိုင်းဆိုသလို တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယမန်နေ့ (ဇူလိုင် ၁ရက်) နံနက် ၉နာရီမှ ညနေ ၄နာရီအထိ တစ်နေ့ကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

” ဖြစ်စဉ်ကတော့ စကစက ဆဒုံး-ကန်ပိုက်တီလမ်းတကြောကို သူတို့က နယ်မြေရှင်းလင်းရေးတွေပေါ့ နယ်မြေစိုးမိုးရေးလုပ်ချင်လို့ ကျနော်တို့ KIA တွေမရှိအောင် လမ်းရှင်းဖို့သူတို့ကစစ်ဆင်ရေးလုပ်တယ်ဆိုတဲ့ သတင်းတွေကြားပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့နဲ့ တိုက်ပွဲတွေရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးပေ။ KIA အနေဖြင့် တိုက်ပွဲ၌ ထိခိုက်ကျဆုံးအခြေအနေများနှင့်ပတ်သက်ပြီး ပုံမှန်အခြေအနေများ၌ အသိပေးလေ့မရှိပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook