Connect with us

Hi, what are you looking for?

News

ကသာတွင် KIAနှင့် PDFတို့ ပူးပေါင်းတိုက်ခိုက်၍ စစ်ကောင်စီတပ်မှ ၃၀ထက်မနည်းသေ

KPDFကလည်း ကသာမြို့ထဲမှ ခြေလျင်ထွက်လာသော စစ်ကောင်စီတပ်များကို ပြောက်ကျားရဲဘော်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ စကစ ၃၀ထက်မနည်းကို မဟာမိတ် KIA၏ ဦးဆောင်မှုဖြင့် ဦးဆောင်မှုဖြင့် ဇီဝိန်ချွေနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

(PDF ရဲ​ဘော်များကို ​တောတွင်းတစ်​နေရာ၌ ​တွေရစဥ်၊ ဓာတ်ပုံ - ကိုရဲမင်း)

စစ်ကိုင်းတိုင်း ကသာမြို့နယ် ပင်းမလွတ်ရွာအနီး မိုင်းခွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်မှ ၃၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာ ကွယ်ရေးဝန်ကြီးဌာနက ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။

အောက်တိုဘာ ၁ရက် နေ့လည်၁နာရီခွဲခန့်က ကသာမြို့မှ အင်းတော်မြို့သို့ ထွက်ခွာလာသော စစ်ကောင်စီ အုပ်စုအား ကသာမြို့နယ် လမ်းခွကျေးရွာအုပ်စု ပင်းမလွတ် ကျေးရွာ အကျော်တွင် ကချင်လက်နက် ကိုင် အဖွဲ့ (KIA)နှင့် ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( KPDF) ပူးပေါင်းအဖွဲ့မှ မိုင်းခွဲတိုက်ခိုက်နိုင်ခဲ့ပြီး စကစဘက်မှ ၃၀ဦး ထက်မနည်း ကျဆုံးခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ နေ့စဉ် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

KPDFကလည်း ကသာမြို့ထဲမှ ခြေလျင်ထွက်လာသော စစ်ကောင်စီတပ်များကို ပြောက်ကျားရဲဘော်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ စကစ ၃၀ထက်မနည်းကို မဟာမိတ် KIA၏ ဦးဆောင်မှုဖြင့် ဦးဆောင်မှုဖြင့် ဇီဝိန်ချွေနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

KPDFနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည့် KIA တပ်မှာ KIA တပ်မဟာ(၈) လက်အောက်ခံတပ်ရင်း(၅)ဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကသာတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းမကြားရသေးဟု ယနေ့ ညပိုင်းတွင် ပြောသည်။

သို့ရာတွင် အဆိုပါဒေသရှိ အောက်ခြေ KIA တပ်ဖွဲ့ဝင်များ လှုပ်ရှားခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

ယခင်ကလည်း KIA တပ်ရင်း (၈) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ကသာ PDF တို့ပူးပေါင်းပြီး ကချင်နှင့် စစ်ကိုင်းနယ်စပ်၌ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။