Connect with us

Hi, what are you looking for?

LuduNwayOo

News

ကသာတွင် KIAနှင့် PDFတို့ ပူးပေါင်းတိုက်ခိုက်၍ စစ်ကောင်စီတပ်မှ ၃၀ထက်မနည်းသေ

KPDFကလည်း ကသာမြို့ထဲမှ ခြေလျင်ထွက်လာသော စစ်ကောင်စီတပ်များကို ပြောက်ကျားရဲဘော်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ စကစ ၃၀ထက်မနည်းကို မဟာမိတ် KIA၏ ဦးဆောင်မှုဖြင့် ဦးဆောင်မှုဖြင့် ဇီဝိန်ချွေနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

(PDF ရဲ​ဘော်များကို ​တောတွင်းတစ်​နေရာ၌ ​တွေရစဥ်၊ ဓာတ်ပုံ - ကိုရဲမင်း)

စစ်ကိုင်းတိုင်း ကသာမြို့နယ် ပင်းမလွတ်ရွာအနီး မိုင်းခွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်မှ ၃၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာ ကွယ်ရေးဝန်ကြီးဌာနက ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။

အောက်တိုဘာ ၁ရက် နေ့လည်၁နာရီခွဲခန့်က ကသာမြို့မှ အင်းတော်မြို့သို့ ထွက်ခွာလာသော စစ်ကောင်စီ အုပ်စုအား ကသာမြို့နယ် လမ်းခွကျေးရွာအုပ်စု ပင်းမလွတ် ကျေးရွာ အကျော်တွင် ကချင်လက်နက် ကိုင် အဖွဲ့ (KIA)နှင့် ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( KPDF) ပူးပေါင်းအဖွဲ့မှ မိုင်းခွဲတိုက်ခိုက်နိုင်ခဲ့ပြီး စကစဘက်မှ ၃၀ဦး ထက်မနည်း ကျဆုံးခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ နေ့စဉ် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

KPDFကလည်း ကသာမြို့ထဲမှ ခြေလျင်ထွက်လာသော စစ်ကောင်စီတပ်များကို ပြောက်ကျားရဲဘော်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ စကစ ၃၀ထက်မနည်းကို မဟာမိတ် KIA၏ ဦးဆောင်မှုဖြင့် ဦးဆောင်မှုဖြင့် ဇီဝိန်ချွေနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

KPDFနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည့် KIA တပ်မှာ KIA တပ်မဟာ(၈) လက်အောက်ခံတပ်ရင်း(၅)ဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကသာတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းမကြားရသေးဟု ယနေ့ ညပိုင်းတွင် ပြောသည်။

သို့ရာတွင် အဆိုပါဒေသရှိ အောက်ခြေ KIA တပ်ဖွဲ့ဝင်များ လှုပ်ရှားခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

ယခင်ကလည်း KIA တပ်ရင်း (၈) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ကသာ PDF တို့ပူးပေါင်းပြီး ကချင်နှင့် စစ်ကိုင်းနယ်စပ်၌ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။