Connect with us

Hi, what are you looking for?

သတင်း

ပုလောကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDO၊ PDF ပူးပေါင်းတပ် နှစ်ရက်ဆက်တိုက်ခိုက်

ပုလောကုန်းကျေးရွာတွင် စစ်တပ်နှင့် ပျူစောထီး အင်အား ၃၀ ကျော်ဖြင့် တပ်စွဲထားရာ KNDO နှင့် PDF ပူးပေါင်းတပ်များက ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ပူရိယက္ခစစ်ကြောင်းမှ စနိုက်ပါသမားတစ်ဦးအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပူရိယက္ခစစ်ကြောင်း)
(ပူရိယက္ခစစ်ကြောင်းမှ စနိုက်ပါသမားတစ်ဦးအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပူရိယက္ခစစ်ကြောင်း)

▪️စစ်ကောင်စီတပ် ထိခိုက်သေဆုံးရှိနိုင်ပြီး အင်အားတိုးချထား

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ပုလောကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို KNDO၊ PDF ပူးပေါင်းတပ်က နှစ်ရက်ဆက်သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ပူရိယက္ခစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ပုလောကုန်းကျေးရွာတွင် စစ်တပ်နှင့် ပျူစောထီး အင်အား ၃၀ ကျော်ဖြင့် တပ်စွဲထားရာ KNDO နှင့် PDF ပူးပေါင်းတပ်များက ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ပထမရက်မှာက မနက် ၈ နာရီလောက်စတိုက်တာ။ လက်နက်ကြီးနဲ့ထုတယ်၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ဒုတိယရက်ကြတော့ မနက် ၁၁ နာရီလောက်ကနေ ညနေပိုင်းအထိ တစ်နေကုန်ပဲ။ ဒီကောင်တွေဘက်က ထိခိုက်သေဆုံးတော့ ရှိနိုင်တယ်၊ ဒါပေမဲ့ အတိအကျမသိရသေးဘူး။ စနိုက်ဘာမိတဲ့တစ်ယောက်သေတာတော့ မျက်မြင်အတည်ပြုနိုင်ခဲ့တယ်”ဟု ပူရိယက္ခစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

အထက်ပါတိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပုလောကုန်းသို့ ပျူနှင့် စစ်သားအင်အားတိုးချထားရာ လက်ရှိတွင် အင်အား ၁၃၀ ဝန်းကျင်ရှိနေပြီး အခြားစစ်ရေးလှုပ်ရှားမှုမတွေ့ရသေးဘဲ ငြိမ်နေကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ပုလောမြို့နယ် ပုလောကုန်းကျေးရွာရှိ စစ်ကောင်စီတပ်အား နှစ်ရက်ဆက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က အပြင်းအထန် ပြန်လည်တိုင်ခိုက်ခဲ့သော်လည်း KNDO နှင့် PDF ပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း စုံစမ်းသိရသည်။

အထက်ပါ ပုလောကုန်းကျေးရွာတွင် စစ်ကောင်စီတပ်က ပြီးခဲ့သည့်နှစ် ၂၀၂၂ကစပြီး တပ်အထိုင် ချထားခြင်းဖြစ်ပြီး ၎င်းတို့နှင့် မိုင်အနည်းငယ်အကွာရှိကျေးရွာများကိုမူ KNDO နှင့် PDF များက နယ်မြေစိုးမိုးမှု ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။