Connect with us

Hi, what are you looking for?

သတင်း

လိုင်စင်မရခင် ကြိုတင်သွင်းခဲ့သော ကုန်ပစ္စည်းများအတွက်ငွေလွှဲခွင့်မပြုဟု စစ်ကောင်စီကန့်သတ်

သွင်းကုန်အတွက် ငွေလွဲရန် တင်ပြလာသည့် ကုမ္ပဏီများကို စစ်ဆေးရာတွက် လိုင်စင်ခွင့်ပြုရက်စွဲ၊ သင်္ဘောတင်ရက်စွဲများတိုက်ဆိုင်စစ်ဆေးရန်နှင့်လိုင်စင်ခွင့်ပြုပြီးသာကုန်သွယ်မှုဆောင်ရွက်ရမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ကန့်သတလိုက်သည်။

(ရန်ကုန်မြို့ ရှိ ​အေးရှား​ဝေါဆိပ်ကမ်းကို​တွေ့ရစဥ်။ ဓါတ်ပုံ-The Star)
(ရန်ကုန်မြို့ ရှိ ​အေးရှား​ဝေါဆိပ်ကမ်းကို​တွေ့ရစဥ်။ ဓါတ်ပုံ-The Star)

▪︎သွင်ကုန်များအတွက်ငွေကြိုသွင်းခြင်းကိုလည်းခွင့်မပြု

ကုန်သွယ်​ရေးလိုင်စင်မရမီ ကြိုတင်သွင်းခဲ့သော ကုန်ပစ္စည်းများအတွက် ငွေလွှဲခွင့်မပြုကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ထုတ်ပြန်သည်။

သွင်းကုန်လုပ်ငန်းများက ပြည်ပမှ ကုန်ပစ္စည်းများတင်သွင်းရန်အတွက် နိုင်ငံခြားသို့ငွေလွှဲရာတွင် စစ်​ကောင်စီထံမှ သွင်းကုန်လိုင်စင်မဖြစ်မ​နေ ကြိုတင်ရယူပြီးမှသာ​ငွေလွှဲရန် ကန့်သတ်ထားပြီး သွင်းကုန်လိုင်စင်မရခင် ကြိုတင်သွင်းခဲ့သော ကုန်ပစ္စည်းများ ငွေလွဲခွင့်မပြုဟု စစ်ကောင်စီဗဟိုဘဏ်က ဇူလိုင် ၃ ရက်​နေ့စွဲဖြင့် ကန့်သတ်ချက် ထုတ်ပြန်သည်။ ထို့အပြင်သွင်းကုန်များအတွက် ကြိုတင်ငွေပေးချေမှုများကိုလည်းခွင့်မပြုဟုဆိုသည်။

သို့​သော်သွင်းကုန်များအတွက် ကြိုတင်​ငွေ​ပေး​ချေမှုကို ထူးခြားသည့် အကြောင်းအရာများအတွက်သာ ကိစ္စတစ်ခုချင်းစီအတွက် ခွင့်ပြုချက်ယူရမည်ဟုဆိုသည်။ ထိုအချက်များအပါအဝင် အချက် ၉ ချက်ပါဝင်​သော ​ကြေညာချက်ကိုစစ်​ကောင်စီ၏ နိုင်ငံခြားသုံး​ငွေ ကြီးကြပ်မှု​ကော်မတီက စည်း​ဝေးဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။

သွင်းကုန်အတွက် ငွေလွဲရန် တင်ပြလာသည့် ကုမ္ပဏီများကို စစ်ဆေးရာတွက် လိုင်စင်ခွင့်ပြုရက်စွဲ၊ သင်္ဘောတင်ရက်စွဲများတိုက်ဆိုင်စစ်ဆေးရန်နှင့်လိုင်စင်ခွင့်ပြုပြီးသာကုန်သွယ်မှုဆောင်ရွက်ရမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ကန့်သတလိုက်သည်။

Public Service Announcement

Public Service Announcement

“သူတို့(စစ်ကောင်စီ)မှာ နိုင်ငံခြားငွေရှားပါးလာလို့သွင်းကုန်တွေကို တင်းကြပ်ချင်တာပါ။ ဒီလုပ်ရပ်ကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်လာလိမ့်မယ်။ ဘာလိုလည်းဆိုတော့ မြန်မာပြည်က ပြည်ပသွင်းကုန်ကိုပဲ အဓိကသုံးစွဲနေရတဲ့ နိုင်ငံမို့ပဲ”ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်​ကောင်စီက ပြည်ပသို့​ဒေါ်လာစီးထွက်မှုကို မျိုးစုံတင်းကြပ်ကန့်သတ်ပြီး သွင်းကုန်များကို ကန့်သတ်သဖြင့် သွင်းကုန်ပစ္စည်းများ ရှားပါးခြင်း ၊​မှောင်ခိုကုန်သွယ်​ရေးကြီးထွားလာခြင်း ၊သွင်းကုန်များ​ဈေးတက်ခြင်း ၊လုပိငန်းများလည်ပတ်မှု​နှေး​ကွေး၍ စီးပွား​ရေးကျဆင်းနိုင်ခြင်းစ​သော​နောက်ဆက်တွဲဆိုးကျိုးများဖြစ်​ပေါ်လာ​စေနိုင်​ကြောင်းလုပ်ငန်းရှင်အချို့က​ပြောသည်။

ကမ္ဘာ့ဘဏ်၏ ​နောက်ဆုံးထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ​၏ စီးပွား​ရေးမှာ မူဝါဒအမှားများ​ကြောင့် ပိုမိုဆိုးဝါးလာပြီး စစ်တပ်အာဏာမသိမ်းခင်က အ​ခြေအ​နေသို့ပြန်​ရောက်ရန်ပင်မလွယ်​တော့​ကြောင်း သုံးသပ်​ဖော်ပြထားသည်။

အမေရိကန်နိုင်ငံက စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်တော်ဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နှင့် မြန်မာ့နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့် ကုန်သွယ်မှုဘဏ်(MICB)တို့ကို အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့ပြီးနောက် စစ်ကောင်စီက နိုင်ငံအတွင်း ဒေါ်လာအရောင်းအဝယ်ကိစ္စရပ်များကို စတင်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook