Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်နယ်ကို စစ်ကောင်စီက အင်အားအလုံးအရင်း ဖြည့်တင်းနေ

တပ်မ (၄၄)၊တပ်မ (၅၅) ၊တပ်မ (၇၇)၏ လက်အောက်ခံတပ်ရင်း ခြောက်ခုထက်မနည်း ကရင်နီသို့ ထပ်မံဝင်ရောက်လာခြင်းဟု ကရင်နီစစ်ဖက်ရေးရာ သတင်းရင်းမြစ်က အသိပေးသည်။

(စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်သို့ ​လေ​ကြောင်းအသုံးပြု၍ စစ်သားများကိုသယ်​ဆောင်​ခဲစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်သို့ ​လေ​ကြောင်းအသုံးပြု၍ စစ်သားများကိုသယ်​ဆောင်​ခဲစဥ်။ဓါတ်ပုံ-CJ)

ကရင်နီ(ကယား)ပြည်နယ်သို့ စစ်ကောင်စီက အင်အားအလုံးအရင်း ဖြည့်တင်းနေကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှာ လေယာဥ်ဖြင့်သော်လည်းကောင်း ယာဥ်တန်းအစုလိုက်ဖြင့်လည်းကောင်း ဝင်ရောက်လာခြင်းဟု ဆိုသည်။

“မယ်စဲ့ကို ကျွန်တော်တို့ သိမ်းလိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီက တခြားကရင်နီဒေသတွင်းက နေရာတွေမှာ ရဟတ်ယာဥ်နဲ့ရော လေယာဥ်နဲ့ပါအင်အားဖြည့်တာတွေ ဆက်တိုက်လုပ်နေတယ်။အဓိကတော့ ရှမ်းပြည်ဘက်က တပ်တွေကို အင်အားဖြည့်နေတာပေါ့”ဟု ၎င်းက ရှင်းပြသည်။

တော်လှန်ရေးကာလအတွင်း မြို့တစ်မြို့လုံးကို ပထမဆုံးထိန်းချုပ်နိုင်ခဲ့သည့် ဖြစ်စဥ်ကြောင့် ကရင်နီဒေသတွင်း၌ ကျန်ရှိသော နေရာများကို ထိန်းချုပ်နိုင်ရန် သို့မဟုတ် မယ်စဲ့မြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီက အင်အားအလုံးအရင်း ဖြည့်တင်းနေသည်ဟုလည်း အထက်ပါတာဝန်ရှိသူက သုံးသပ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရှိတွင် မယ်စဲ့မြို့နှင့်အနီးဆုံးဖြစ်သော ရွာသစ်မြို့နယ်တွင် စစ်ကောင်စီက အင်အား ၃၀၀ ခန့်ဖြင့် ဝင်ရောက်တပ်စွဲထားသည်။

တပ်မ (၄၄)၊တပ်မ (၅၅) ၊တပ်မ (၇၇)၏ လက်အောက်ခံတပ်ရင်း ခြောက်ခုထက်မနည်း ကရင်နီသို့ ထပ်မံဝင်ရောက်လာခြင်းဟု ကရင်နီစစ်ဖက်ရေးရာ သတင်းရင်းမြစ်က အသိပေးသည်။

“ဖားဆောင်းဘက်ကတော့ (၄၄)တပ်ဂင်း နှစ်ရင်းဝင်နေတယ်။နောက်အခု ဟဲဟိုး-ဖယ်ခုံ-မိုးဗြဲ -လွိုင်ကော်ဖက်ကို ကားတွေနဲ့ အင်အားပို့ဆောင်နေပါတယ်။တပ်မ(၅၅)၊တပ်မ(၇၇) အောက်က ရင်းတွေ”ဟု ၎င်းက ပြောသည်။

ထပ်တိုးအင်အားများအရ ပင်လောင်း – ဖယ်ခုံဖက်တွင် တောင်မဲသင်း ၊မြောက်စလုံး ၊ တောင်စလုံး နှင့် မိုးဗြဲ မြို့၏ စစ်ရေးကို ကရင်နီတပ်ပေါင်းစုအနေဖြင့် သတိပြုရမည်ဟု လည်း အကြံပြုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရာတွင် အောင်မြင်မှုများစွာရရှိနေသော ကရင်နီဒေသကို စစ်ကောင်စီက တပ်မ (၅၅) ၊ တပ်မ (၆၆)၊ တပ်မ (၄၄)၊တပ်မ (၉၉)အစရှိသည့် တပ်မ လေးခုအပြင် အမှတ် (၂ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၂)၊(စကခ ၁၈) လက်အောက်ခံတပ်ရင်းများဖြင့် စစ်ကောင်စီက အသုံးပြု၍ ယခုနှစဖေဖော်ဝါရီလအကုန် မတ်လဆန်းကစ၍ စစ်ကောင်စီက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။