Connect with us

Hi, what are you looking for?

သတင်း

လီလီနိုင်ကျော်သတ်ဖြတ်မှုမှာ စွပ်စွဲဖမ်းခံရသူ လူငယ် ၂ဦးကို စစ်တပ် ပစ်သတ်

လူငယ် ၂ ဦး ဖမ်းခံရပြီး တစ်လကျော်အကြာ မှာ သက်သေခံပစ္စည်းတွေလိုက်ပြခိုင်းချိန် ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားတာကို စစ်ကောင်စီလုံခြုံရေးအဖွဲ့ထံကသိရတယ်ဆိုပြီး ဖော်ပြထားကြတာပါ။

လီလီနိုင်ကျော်သတ်ဖြတ်မှုမှာ စွပ်စွဲဖမ်းခံရသူ လူငယ် ၂ဦးကို စစ်တပ် ပစ်သတ်
လီလီနိုင်ကျော်သတ်ဖြတ်မှုမှာ စွပ်စွဲဖမ်းခံရသူ လူငယ် ၂ဦးကို စစ်တပ် ပစ်သတ်

စစ်တပ်ထောက်ခံသူ အဆိုတော်လီလီနိုင်ကျော် လုပ်ကြံခံရမှုမှာ စွပ်စွဲဖမ်းဆီးထားသူ လူငယ် ၂ ဦး ထွက်ပြေးဖို့ ကြံစည်တာကြောင့် ပစ်သတ်လိုက်တယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အသီးသီးရေးသားဖော်ပြလာကြပါတယ်။

လူငယ် ၂ ဦး ဖမ်းခံရပြီး တစ်လကျော်အကြာ မှာ သက်သေခံပစ္စည်းတွေလိုက်ပြခိုင်းချိန် ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားတာကို စစ်ကောင်စီလုံခြုံရေးအဖွဲ့ထံကသိရတယ်ဆိုပြီး ဖော်ပြထားကြတာပါ။

သက်သေခံပစ္စည်းတွေကို ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းက ရန်ကုန်၊ မြောက်ဒဂုံမြို့နယ် ၊အမှတ် ၂၉ ရပ်ကွက် ၊မောင်းမကန်လမ်းမကြီးဘေးမှာ သွားရောက်ရှာဖွေချိန် ထွက်ပြေးတာလို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေရဲ့ဖော်ပြချက်မှာတွေ့ရပါတယ်။

ပစ်ခတ်မှုကြောင့် ကိုကောင်းဇာနည်ဟိန်းရဲ့ ကျောနောက်ဖက် ၊ ခါးနောက်ဖက်နဲ့ ဇက်ပိုးမှာ သေနတ် ၃ ချက်မှန်ခဲ့သလို ကိုကျော်သူရ ဟာလည်း ဇက်ပိုး၊ နောက်ကျော နဲ့ ဆီးခုံတို့မှာ ၃ချက် ထိမှန် ပြီး သေဆုံးခဲ့တယ်လို့ ဖော်ပြကြပါတယ်။

Public Service Announcement

Public Service Announcement

အခုလို စစ်တပ်က ပစ်သတ်လိုက်တဲ့ လူငယ် ၂ဦးဟာ အသက် ၂၃ နှစ်နဲ့ အသက် ၃၀ အရွယ်ရှိကြသူတွေပါ။

သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက စစ်တပ်ထောက်ခံသူ အဆိုတော် လီလီနိုင်ကျော်ကို ရန်ကုန်မှာ လုပ်ကြံသူတွေလို့ စွပ်စွဲဖမ်းခံရတာပါ။

စွပ်စွဲဖမ်းခံရသူ ၂ ဦးအနက် ကိုကောင်းဇာနည်ဟိန်း ရဲ့ မိခင်နဲ့ အမ ဝမ်းကွဲတို့ဟာ ကိုကောင်းဇာနည်ဟိန်း ဖမ်းခံရပြီး ၂ ရက်အကြာမှာပဲ ရန်ကုန်မြို့ ၊ထန်းတပင်မြို့နယ်က နေအိမ်မှာ လူတစ်စုရဲ့ ပစ်ခတ်သတ်ဖြတ်တာကိုခံရပါတယ်။

လီလီနိုင်ကျော် သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ကိုထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေ မှာ လက်စားချေသတ်ဖြတ်ကြဖို့ လှုံဆော်ရေးသားတွေ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။