Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲ ရက် ၅၀၀ ပြည့်မှာ စနတ်အိုင်းလန်းကို ယူကရိန်းသမ္မတ သွားရောက်

ရုရှားတပ်တွေဟာ စနိတ်အိုင်းလန်းကို သိမ်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြန်လည် စွန့်ခွာသွားပြီး ယူကရိန်းက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

စစ်ပွဲ ရက် ၅၀၀ ပြည့်မှာ စနတ်အိုင်းလန်းကို ယူကရိန်းသမ္မတ သွားရောက်
စစ်ပွဲ ရက် ၅၀၀ ပြည့်မှာ စနတ်အိုင်းလန်းကို ယူကရိန်းသမ္မတ သွားရောက်

ရုရှားရဲ့ ကျူးကျော်စစ်ပွဲ အစပြုခဲ့တာ ရက်ပေါင်း ၅၀၀ တိတိ ပြည့်မြောက်တဲ့နေ့မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ နိုင်ငံပိုင်နက်ထဲက စနိတ်အိုင်းလန်းကျွန်း(မြွေကျွန်း)ကို သွားရောက်ခဲ့ပါတယ်။

ပင်လယ်နက်ထဲမှာ ရှိနေတဲ့ အဲဒီကျွန်းလေးဟာ စစ်ပွဲအစပိုင်းတုန်းက အင်အား အဆမတန် သာလွန်တဲ့ ရုရှားတပ်တွေကို မကြောက်မရွံ့ ဖီဆန်ပြီး ခုခံခဲ့တဲ့ ကျွန်းစောင့် တပ်ဖွဲ့တွေကြောင့် တကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ခံခဲ့ရသလို ခုခံစစ်ရဲ့ သင်္ကေတ ပုံရိပ်တခု ဖြစ်လာခဲ့ပါတယ်။

ရုရှားတပ်တွေဟာ စနိတ်အိုင်းလန်းကို သိမ်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြန်လည် စွန့်ခွာသွားပြီး ယူကရိန်းက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

စနိတ်အိုင်းလန်းမှာ ဇူလိုင် ၈ ရက်က ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ ဇီလန်စကီးက အဲဒီကျွန်းကို အောင်မြေလို့ ချီးကျူး ညွှန်းဆိုခဲ့ပြီး နောက်တခါ ရန်သူရဲ့ သိမ်းပိုက်မှုကို ဘယ်တော့မှ ထပ်ခံရတော့မှာ မဟုတ်ဘူးလို့ ပြောကြားထားတာ တွေ့ရပါတယ်။ သူက ခက်ခဲကြမ်းတမ်းလှတဲ့ ရက်ပေါင်း ၅၀၀ လုံးလုံး ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့တဲ့အတွက် အထူးကျေးဇူးတင်ကြောင်း တနိုင်ငံလုံးမှာ ရှိတဲ့ စစ်သားတွေကို အောင်မြေကနေတဆင့် သတင်းစကား ပေးပို့လိုပါတယ်လို့လည်း သမ္မတက ပြောပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က စတင်ခဲ့တဲ့ ရုရှား ကျူးကျော်စစ်မှာ လက်လွှတ်ခဲ့ရတဲ့ နယ်မြေမှန်သမျှကို ယူကရိန်းက ရအောင် ပြန်ယူမယ် ဆိုတဲ့ သံန္နိဋ္ဌာန်အတွက် ခိုင်မာတဲ့ သက်သေလည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

သူက အခုသီတင်းပတ်ထဲမှာ တူရကီကို သွားရောက်ရင်း ၂၀၂၂ ခုနှစ်တုန်းက မာရီပိုလ်မြို့၊ သံမဏိ စက်ရုံတခုမှာ ရုရှားတပ်တွေ ဖမ်းဆီးတာ ခံခဲ့ရတဲ့ ယူကရိန်း တပ်ဖွဲ့ဝင် ၅ ဦးကိုလည်း သုံ့ပန်းချင်း လဲလှယ်ပြီး ပြန်ခေါ်ဆောင်လာနိုင်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

ရုရှားကတော့ တူရကီရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ ယူကရိန်းနဲ့ သုံ့ပန်းချင်း လဲခဲ့တယ်ဆိုတဲ့ ကိစ္စကို တိတိကျကျ မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

စစ်ပွဲ ရက်ပေါင်း ၅၀၀ ပြည့် ကာလမှာတော့ ရုရှားဟာ ယူကရိန်းက မြို့ကြီးတချို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။ ယူကရိန်း အရှေ့ပိုင်း၊ ဒွန်းဘက်စ်ခ် ပြည်နယ်ထဲက လိုင်မန်မြို့မှာတော့ အဲဒီနေ့က ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။