Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မှ ကသာသို့ ဧရာဝတီမြစ်အတိုင်းစစ်တပ်အ​ပြောင်းအ​ရွေ့လုပ်စဥ်​​သေနတ်ဖြင့်ရမ်းပစ်၍ ​သားအဖနှစ်ဦး​သေဆုံး

ကသာမြို့နယ်၊ မိုးတာလေးကျေးရွာနှင့် အထက်ဝဲကြီးရွာတွင် စစ်‌ကောင်စီ စစ်ကြောင်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၅ရက်နှင့် ၇ရက်တွင်တိုက်ခိုက်ခဲ့ကြကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။

(ချင်းတွင်းမြစ်အတွင်းစစ်​ကောင်စီတပ်၏ ​ရေယာဥ်တစ်စင်းကို ဇွနမလအတွင်း​တွေ့ရစဥ်။ ဓါတ်ပုံ-အညာပစ်တိုင်း​ထောင်​လေးများ)
(ချင်းတွင်းမြစ်အတွင်းစစ်​ကောင်စီတပ်၏ ​ရေယာဥ်တစ်စင်းကို ဇွနမလအတွင်း​တွေ့ရစဥ်။ ဓါတ်ပုံ-အညာပစ်တိုင်း​ထောင်​လေးများ)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းမှတဆင့် တပ်အပြောင်းအရွှေ့ပြုလုပ်သည့် စစ်ကောင်စီတပ်ကမြစ်ကမ်း​ဘေး​ကျေးရွာများကိုသေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်၍ ​ဒေသခံသားအဖနှစ်ဦးသေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

ယမန်‌နေ့(ဇူလိုင်လ ၉ရက်) နေ့လည်က စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်ကြောင်းမှတဆင့်သံခွန်(ရေယာဉ်)ဖြင့် ကသာဖက်သို့ ဆန်တက်စဉ် မြစ်ကမ်းဘေးရွာများကို သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။စစ်တပ် ပစ်ခတ်မှု​ကြောင့်ထီချိုင့်မြို့နယ် ၊ကမ်းနီရွာမှ သားအဖနှစ်ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောသည်။

“မြတောက်ဆိပ်ကနေထွက်သွားတာ။ ကသာဖက်ကို ဆန်သွားတာ။ စစ်‌​ေးတွေ ရမ်းပစ်သွားလို့ ကမ်းနီရွာက သားအဖနှစ်ယောက်သေဆုံးတယ်။ ဒီရက်ပိုင်း ထီးချိုင့်နယ်ထဲမှာ စစ်တပ်က အင်အားတိုးနေတယ်”ဟု ၎င်းကပြောသည်။

Public Service Announcement
Public Service Announcement

သေဆုံးသည့် ကမ်းနီရွာမှ သားအဖနှစ်ဦး၏အချက်အလက်အ​သေးစိတ်ကိုမသိရ​သေးဘဲ People’s Spring ကစုံစမ်း​နေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဇူလိုင်လ ၈ ရက်ကလည်း ထီးချိုင့်မြို့ပေါ်သို့ ရဟတ်ယာဉ်ဖြင့် စစ်သားများထပ်ပို့၍အင်အားဖြည့်သွားသည်ဟု မြို့ခံများကပြောသည်။ ယခုရက်ပိုင်းတွင် ထီးချိုင့်နှင့် ကသာမြို့တို့တွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ရှိနေ၍ ဒေသခံများ သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များကသတိပေးသည်။

ကသာမြို့နယ်၊ မိုးတာလေးကျေးရွာနှင့် အထက်ဝဲကြီးရွာတွင် စစ်‌ကောင်စီ စစ်ကြောင်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၅ရက်နှင့် ၇ရက်တွင်တိုက်ခိုက်ခဲ့ကြကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။