Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက် ကွတ်ခိုင်မြို့အနီး စစ်ကောင်စီယာဉ်ကို KIA ကြားဖြတ်တိုက်ခိုက်

ဇူလိုင် ၁၀ရက် မနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် နောင်ဆွေရွာအနီး၌ KIAက.စစ်တပ်ယာဥ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

(KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KIA)
(KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KIA)

▪︎​ကျောက်မဲတွင်လည်းTNLAနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ် မြောက်ပိုင်းကွတ်ခိုင်မြို့အနီးတွင်စစ်ကောင်စီယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိခဲ့ကြောင်း ရှမ်းမြောက်ဒေသခံက ပြောသည်။

ဇူလိုင် ၁၀ရက် မနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် နောင်ဆွေရွာအနီး၌ KIAက စစ်တပ်ယာဥ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“အထိအခိုက်ကတော့ နှစ်ယောက်ထိတယ်ပြောတယ်။ ပေါင်ဆိုလား၊ ခြေထောက်ဆိုလား။ အသေအပျောက်တော့ မရှိပါဘူး” ဟု ဒေသခံက ပြောသည်။

ကွတ်ခိုင်မြို့နှင့် သိန္နီမြို့ အကြားတွင်လည်း လွန်ခဲ့သည့် ၂ရက်ခန့်က KIAနှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု​ဒေသခံများထံမှသိရသည်။

Public Service Announcement

Public Service Announcement

KIA နှင့် စစ်ကောင်စီအကြား တိုက်ပွဲသတင်းများဖော်ပြလေ့ရှိသည့် ကချင် သတင်းရင်းမြစ်ကလည်း နောင်ဆွေရွာအနီးတွင် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ၏ ​ခြေမြန်တပ်ရင်း-ခမရ(၂၄၁)၊ (၂၄၂) ပူးပေါင်း တပ်အားKIAတပ်မဟာ ၄၊ တပ်ရင်း(၃၉)က စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားပြီး ဒဏ်ရာရသူများလည်းရှိသည်ဟု ဖော်ပြထားသည်။သို့​သော် People’s Spring က သီးခြား အတည်မပြုနိုင်သေးပေ။

တိုက်ပွဲဖြစ်ပွားမှုများနှင့်ပတ်သက်၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

အခြားသတင်းတစ်ရပ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နယ်တွင်လည်း ယမန်နေ့( ဇူလိုင် ၁၀ရက်)က တအာင်းတပ်တော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက အတည်ပြုသည်။

ကျောက်မဲမြို့နယ် နမ့်တွေ ဒေသ၌ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLA ဘက်က ထိခိုက်မှုမရှိဟု TNLA သတင်းပြန်ကြားရေးဌာန အရာရှိကပြောကြားသည်။ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးအခြေအနေကို မသိရသေးကြောင်း ၎င်းကဆက်​ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ယင်းဒေသ၌ တပ်ပြန်ဆုတ်သွားခြင်းမရှိသေးဟုလည်း TNLA သတင်းပြန်ကြားရေးအရာရှိကပြောသည်။

ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာန၏ ဖော်ပြချက်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၂ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။