Connect with us

Hi, what are you looking for?

သတင်း

မြင်းမူနယ်တွင် တပ်မ(၃၃)မှ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မြင်းမူနယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့များ စစ်ရေးတင်းမာနေပြီး ယမန်နေ့ညနေပိုင်းကပင် မူးမန္တလေးကျေးရွာအနီး၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

(မုံရွာ - မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်များအား ပြီးခဲ့သည့် ၂၀၂၂ အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာ - မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်များအား ပြီးခဲ့သည့် ၂၀၂၂ အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်သို့ အင်အားဖြည့်ပြီး ပြန်လာသည့် တပ်မ(၃၃)မှ စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force MNRF အဖွဲ့ခေါင်းဆောင် ကိုမိုးညိုက ပြောသည်။

ယမန်နေ့(ဇူလိုင် ၁၇ရက်) ည ၉နာရီ ၄၅မိနစ်ခန့်က စစ်ကိုင်း – မုံရွာလမ်းပိုင်းပေါ် ထီးဆောင်းနှင့် ကန်ဖျားဇရပ်ကြားတွင် စစ်ကောင်စီ၏ လေးစီးပါယာဥ်တန်းအနက် ရှေ့ဆုံးနှစ်စီးအား မိုင်း ၁၀လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Moe Nyo Revolution Force MNRFအဖွဲ့က ပြောသည်။

အဆိုပါ ယာဥ်တန်းသည် မြင်းမူမြို့နယ် ထီးဆောင်းရှိ ယာယီစခန်းအား စစ်သားအင်အား အများအပြားဖြည့်ပြီး ပြန်လာခြင်းဖြစ်ကြောင်း MNRF အဖွဲ့က ဆိုသည်။

Public Service Announcement
Public Service Announcement

“အသွားတုန်းက မဆွဲနိုင်ခဲ့ဘူး။ ကင်းပုန်းပတ်ပတ်လည် ချထားတော့။ အပြန်ကျမှ ဆွဲနိုင်ခဲ့တယ်။ ငါးမိနစ်လောက် အပြန်အလှန်ပစ်ခတ်မှုရှိတယ်။ အင်အားဖြည့်ဖို့လာတာ။အခု ထီးဆောင်းခြံမှာ အင်အားများနေတယ်။”ဟု Moe Nyo Revolution Force MNRF အဖွဲ့ခေါင်းဆောင် ကိုမိုးညိုက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က ထိခိုက်မှုများရှိနိုင်ကြောင်း ၊ စစ်ဆင်ရေးကို Moe Nyo Revolution Force MNRF နှင့် PENTAGRAM မဟာမိတ်ညီနောင်များက တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မြင်းမူနယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့များ စစ်ရေးတင်းမာနေပြီး ယမန်နေ့ညနေပိုင်းကပင် မူးမန္တလေးကျေးရွာအနီး၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က မူးမန္တလေးကျေးရွာကို ညပိုင်းအထိ မီးတင်ရှို့နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ(၃၃)စစ်ကြောင်းက စစ်သားငါးဦး လက်နက်ခဲယမ်းယူပြီး အလင်းဝင်လာ

သတင်း

ကန့်ဘလူနဲ့ခင်ဦး မြို့နယ်မှာ စစ်ကြောင်းတခုလုံးပြုတ်သွားတဲ့ တပ်မ(၃၃)လက်​အောက်ခံတပ်ရဲ့စစ်​ကြောင်းက ဖမ်းမိထားတဲ့ စစ်သုံပန်းတွေရဲ့ရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်လာပါတယ်။

သတင်း

ဗန်းမောက်မြို့ကိုစစ်ကောင်စီက အမှတ်(၃၃)​ခြေမြန်တပ်မဌာနချုပ်(တပ်မ-၃၃)​အောက်ကတပ်ရင်း​တွေနဲ့အင်အားဖြည့်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်ထဲက ရွာတရွာကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဆိုင်ကယ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။