Connect with us

Hi, what are you looking for?

သတင်း

နမ့်ဖက်ကာရှိ စစ်ကောင်စီတပ်ရင်းတိုက်ခိုက်ခံရပြီးတိုက်ပွဲပြင်းထန်နေ

ကွတ်ခိုင်နှင့် မူဆယ် လမ်းတကြော၌ စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တအာင်းတပ်မတော်(TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ ယနေ့ည​နေ ၃ နာရီ​ကျော်တွင်နမ့်ဖက်ကာအခြေစိုက်တပ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

(နမ့်ဖက်ကာရွာနှင့်အနီးဝန်းကျင်​ဒေသကို Google Map တွင်​တွေ့ရမှု / TNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-BNI)
(နမ့်ဖက်ကာရွာနှင့်အနီးဝန်းကျင်​ဒေသကို Google Map တွင်​တွေ့ရမှု / TNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-BNI)

“အထိအခိုက်တော့ရှိမယ်။ လူမှုရေးကားတွေတော့ တပ်(စစ်ကောင်စီတပ်)ရှိတဲ့ ဘက်ကို ကွေ့ကုန်တာပဲ။” -ဒေသခံ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာရှိ စစ်ကောင်စီ၏ ခလရ(၁၂၃)တပ်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံက ပြောသည်။

ကွတ်ခိုင်နှင့် မူဆယ် လမ်းတကြော၌ စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တအာင်းတပ်မတော်(TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ ယနေ့ည​နေ ၃ နာရီ​ကျော်တွင်နမ့်ဖက်ကာအခြေစိုက်တပ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“ဒီနေ့ကတော့ ညနေကတည်းက တွယ်နေတာ တဒုန်းဒုန်းနဲ့။ ဒီနေ့က နမ့်ဖက်ကာ ၁၂၃ တပ်ရင်းကို လာတွယ်နေတာ။ ရွာအဝင်ပေါ့။ ညနေ ၆နာရီမထိုးခင်ကတည်းက တွယ်နေတာ။အကြီးတွေ(လက်နက်ကြီး)အသေးတွေ(လက်နက်ငယ်)ရော” ဟု ဒေသခံက ပြောသည်။

ယနေ့ညနေတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကအထိအခိုက်ရှိနိုင်သည်ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ လူမှုရေးကားတွေတော့ တပ်ရှိတဲ့ ဘက်ကို ကွေ့ကုန်တာပဲ။ အရပ်သားတွေသွားကောက်တာလား တပ်(စစ်ကောင်စီတပ်)ကလူတွေကိုပဲ သွားပို့တာပဲ ဘယ်လိုလဲတော့ မသိဘူး” ဟု ဒေသခံက ပြောသည်။

(နမ့်ဖက်ကာရွာနှင့်အနီးဝန်းကျင်​ဒေသကို Google Map တွင်​တွေ့ရမှု / TNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-BNI)
(နမ့်ဖက်ကာရွာနှင့်အနီးဝန်းကျင်​ဒေသကို Google Map တွင်​တွေ့ရမှု / TNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-BNI)

အခြား​ဒေသခံတစ်ဦးကလည်း “တပ်ရင်းထဲ အလုံး(လက်နက်ကြီးကျည်)တွေ ကျတယ်။ အခုညအထိ တပ်ထဲကနေ ရမ်းသမ်းပစ်နေတယ်။ အပြန်အလှန်ပစ်သံတွေလည်း ကြားနေရတယ်”ဟုပြောသည်။

ယနေ့ည ၉နာရီခန့်အထိ လက်နက်ကြီးပစ်ခတ်သံများကြားနေရပြီး စစ်ကောင်စီက တဖက်သတ်ပစ်ခတ်နေခြင်းဟု ‌နမ့်ဖက်ကာမှအခြားသတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။

“အဖွဲ့တွေ( လာရောက်တိုက်ခိုက်သည့်အဖွဲ့)ကထိထိမိမိပစ်ပြီး ပြန်နှပ်နေလောက်ပြီ။စစ်တပ်ကအခုထိပစ်နေတုန်း”ဟု၎င်းကဆက်ပြောသည်။

စစ်​ကောင်စီတပ်ကိုTNLAကွန်မန်ဒိုတပ်ဖွဲ့ကတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသော်လည်း People’s Spring ကသီးခြား အတည်မပြုနိုင်သေးပေ။ TNLA သတင်းပြန်ကြားရေးဌာနတာဝန်ရှိသူ အချို့ထံ ဆက်သွယ်ရာတွင်လည်း အဆက်အသွယ်မရသေးပေ။ ယမန်နေ့တွင် ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာတစ်နေရာကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်းTNLAကသတင်းထုတ်ပြန်ထားသည်။

ယခင်က စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ TNLAနှင့် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သော်လည်း ယခုအခါ TNLAက စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်လာခြင်းဖြစ်ပြီး အသေးစိတ် အခြေအနေကို စုံစမ်းဆဲဖြစ်သည်။

KIAနှင့် စစ်ကောင်စီတပ်အကြား စစ်ရေးသတင်းများ ဖော်ပြနေသည့် သတင်းရင်းမြစ်တစ်ဦးကလည်း ယနေ့ ညနေပိုင်းတွင် ကွတ်ခိုင်-မူဆယ် လမ်းမကြီးတစ်နေရာ၌ တပ်စွဲထားသည့် ခလရ(၁၂၃) တပ်ကို KIA တပ်မဟာ(၆)၊ တပ်ရင်း(၉) တပ်ဖွဲ့များကလည်းသွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်မှသေဆုံးထိခိုက်များပြားပြီးစခန်းစွန့်ထွက်ပြေးသွားကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ အနီးနှင့် ပြည်သူလူထုများ ရှိရာ ခိုမုန်းရွာဘက်သို့ နမ့်ဖက်ကာရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်နေသည်ဟု ရေးသားထားသည်။

ဒေသခံတစ်ဦးကမူ နမ့်ဖက်ကာတွင် တိုက်ပွဲဖြစ်ပွားသကဲ့သို့ နမ့်ဖက်ကာနှင့် အနည်းငယ်ဝေးသည့် နေရာ၌လည်း တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း ပြောသည်။

“ခပ်ဝေးဝေးမှာတွယ်တာလည်းရှိတယ်။ အနီးကပ်မှာ တွယ်တာ တစ်ဖွဲ့ ခပ်ဝေးဝေးမှာ တွယ်တာတစ်ဖွဲ့ အဲဒီလို ထင်တာပဲ။ လူမှုရေးကားတွေတော့ သွားကြတယ်။ အဲဒီတပ်ဘက်ကိုသွားတာ။ ဘယ်သူတွေ ထိမလဲတော့မသိတော့ဘူး။ထုတာတော့ အခုထိထုနေတုန်းပဲ”ဟုဒေသခံကပြောသည်။

ရှမ်းမြောက်ဒေသ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။